Preview

ရခိုင်တွင်တကျော့ပြန်တိုက်ပွဲများကြောင့် စစ်ရှောင်ပြည်သူ(၆)သိန်းကျော်ရှိလာ စစ်ရှောင်ပြည်သူများမှာရုပ်ပိုင်းဆိုင်ရာအပြင်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများရှိနေကြောင်းHDCOထုတ်ပြန်

လူထက်နိုင်(ဒွာရာမြီ) | ဒီဇင်ဘာ ၃၀/ ၂၀၂၄ | ကြည့်ရှုသူ :832
ရခိုင် သတင်း

လူထက်နိုင် (ဒွါရာမြီ)၊နိရဉ္စရာ၊ဒီဇင်ဘာ၃၀ / ၂၀၂၄

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲအတွင်း စစ်ရှောင်ပြည်သူ(၆)သိန်းကျော်ရှိလာခဲ့ပြီး အဆိုပါ စစ်ရှောင်အာရက္ခပြည်သူ ပြည်သားများမှာရုပ်ပိုင်းဆိုင်ရာပျက်စီးဆုံးရှုးမှုများအပြင်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများရင်ဆိုင် ကြုံတွေ့လျက်ရှိကြကြောင်း လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) ၏ ဒီဇင်ဘာ၂၉ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာလျက်ရှိသောစစ်ရှောင် ပြည်သူများကိုစိတ်ကျန်းမာရေးနှင့်စိတ်လူမှုဆက်ဆံရေးဆိုင်ရာပံ့ပိုးမှု ( Mental Health and Psychosocial Support) အစီအမံများကိုအရပ်ဖက်လူမှုအဖွဲအစည်းများနှင့်လက်တွဲ၍ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအဖြစ်လူမျိုးဘာသာမရွေးတပြေးညီဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်တွင် ၂၀၂၃နိုဝင်ဘာ၁၃ရက်နေ့မှစတင်၍အာရက္ခတပ်တော်နှင့်မြန်မာစစ်ကောင်စီတိုအကြားတကျော့ပြန်တိုက်ပွဲများဖြစ်ပွားလျက်ရှိရာယခုအချိန်ထိစစ်ရှောင်ပြည်သူ (၆) သိန်းကျော်ရှိလာခဲ့ပြီ အများစုမှာ အိုးအိမ်များ၊ ပိုင်ဆိုင်မှုများကို စွန့်ခွာကာ ထွက်ပြေးလာကြသူများဖြစ်ကြသည်။

စစ်ရှောင်အများစုသည် စစ်ရှောင်စခန်းများတွင် အစားအသောက် အလုံအလောက် မရရှိမှု၊ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းမှု၊ ပိုင်ဆိုင်မှုများ ဆုံးရှုံးမှု၊ လူနေမှုဘ၀ နိမ့်ကျနေမှုများကြောင့် ရုပ်ပိုင်းဆိုင်ရာပျက်စီးဆုံးရှုံးမှုများအပြင်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများရင်ဆိုင်ကြုံတွေ့လျက်ရှိကြကြောင်းသိရသည်။ 

ULA/HDCO သည်စိတ်ကျန်းမာရေးနှင့်လူမှုဆက်ဆံရေးဆိုင်ရာပံ့ပိုးမှုအစီအစဉ်များကို (၂၀၂၄ခုနှစ်၊ဇန်နဝါရီ၁၅ရက်မှအောက်တိုဘာ၃ရက်အတွင်းဆောင်ရွက်ခဲ့ရာစုစုပေါင်း၃၃၇၅ဦးတို့ ကို စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုများ၊နှစ်သိမ့်ဆွေးနွေးမှုများကို ပြုလုပ်နိုင်ခဲ့သည်ဟု သိရသည်။

အဆိုပါစစ်ရှောင်များမှာ  ပုဏ္ဏားကျွန်း၊ကျောက်တော်၊ရသေ့တောင်၊မောင်တောမြိုနယ်များ အတွင်းရှိကျေးရွာ၄၆ရွာမှဖြစ်ကြပြီး ထိုအထဲတွင်ကျား၉၆၆ဦး၊မ၂၃၇၉ဦးတို့ ပါဝင်သည်ဟု HDCO ၏ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

လက်ရှိတွင်လည်းအဆိုပါ အစီအစဉ်အား ဆက်လက်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။

အာရက္ခပြည်သူများနေ့စဥ်ဘဝတွင်စိတ်ကျန်းမာရေးအသိအမြင်များဆက်လက်တိုးပွားနိုင်ရန်နှင့်စိတ်ကျန်းမာရေး ဆိုင်ရာအယူအဆများကိုလက်တွေ့ဘဝ၌အသုံးချနိုင်ရန်အတွက်သက်ဆိုင်ရာအဖွဲအစည်းများနှင့်သိတတ်နားလည်သောလူပုဂ္ဂိုလ်တဦးတယောက်ချင်းစီမှအခွင့်အလမ်းများဖန်တီးပေးခြင်း၊ကူညီဖေးမပေးခြင်းများ၊စိတ်လုံခြုံမှုဆိုင်ရာအစီအမံများချမှတ်လုပ်ဆောင်ပေးကြရန်လည်းလိုအပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.