Preview

ဂွမြို့ကို AA သိမ်းသွားသည့်အပေါ် အခဲမကျေဖြစ်နေသည့် စစ်ကောင်စီက ဗုံးကြဲ

ခိုင်လူလှ (ရိုးမမြေ) | ဒီဇင်ဘာ ၃၁/ ၂၀၂၄ | ကြည့်ရှုသူ :2716
ရခိုင် သတင်း

နိရဉ္စရာ၊ ဒီဇင်ဘာ ၃၁/ ၂၀၂၄

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် ဂွမြို့ကို စစ်ကောင်စီလေတပ်က ဗုံးလာကြဲ၍ နေအိမ်အချို့ မီးလောင်နေသည်ဟု သိရသည်။

“ တိုက်ပွဲပြီးသွားပြီ။ စခန်းတွေက လက်နက်ရိက္ခာတွေကို အကုန်သိမ်းသွားပြီ။ ဂွမြို့ပေါ်မှာလည်း အေအေတစ်ယောက်မှ မရှိတော့ဘူး။ မြို့က တစပြင်လို ခြောက်ကပ်နေတယ်။ အဲဒါကို ဗုံးလာချနေတယ်။ လူနေအိမ်တွေ မီးလောင်ရုံကို လွှဲပြီး ဘာမှ မထူးတော့ဘူး”ဟု ဂွဒေသခံ တစ်ဦးက ပြောသည်။

ဂွတံတားအနီးရှိ ရပ်ကွက်များနှင့် မြို့ပြင် အဆောက်အဦတချို့လည်း ဗုံးကြဲခံရပြီး မီးလောင်သွားခဲ့သည်ဟု သိရသည်။

တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီးသန်းစိုးဝင်းကျသွားပြီးနောက် တပ်ပျက်သွားခဲ့သည့် စစ်သားများသည် ဖရိုဖရဲ ထွက်ပြေးမှုများရှိနေသဖြင့် ကျေးရွာများတွင် ရှိနေကြသည့် ဒေသခံ ကျေးရွာသားများ အတွက် စိုးရိမ်စရာရှိနေသည်ဟု ၎င်းက ပြောသည်။

“  အခုက အရမ်းစိုးရိမ်ရတယ်။ ဂွကနေ စစ်ရှုံးပြီး စစ်သားတွေ တော်တော်များများ ထွက်ပြေး သွားကြတယ်။ ဒါကို အေအေက လိုက်လံရှင်းလင်းနေတာလည်း ရှိတယ်။ အများစုကတော့ ဧရာ၀တီတိုင်း ဘက်ကို ဆုတ်ပြေးကြတယ်။ သေနတ်သံတွေက ကြိုးကြား ကြိုးကြား  ကြားနေရတယ်။ နေဗီကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိနေသေးသလို လေယာဉ်နဲ့လည်း ဗုံးကြဲတာတွေ ရှိနေသေးတယ်။ အရပ်သားတွေရဲ့ လုံခြုံရေး စိုးရိမ်စရာ အနေအထားမှာ ရှိနေတုန်းပါ”ဟု ၎င်းက ပြောသည်။  

မကျည်းငူဘက်တွင် စစ်ကောင်စီတပ်သားအချို့ ရှိနေသေးပြီး အေအေက လိုက်လံရှင်းလင်းမှုများ ပြုလုပ်နေသဖြင့် တိုက်ပွဲများလည်း အချိန်မရွေးပြန်ဖြစ်နိုင်သည်ဟု ဆိုသည်။  

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.