နောင်မင်းသူ- နိရဉ္စရာ၊ ဇန်နဝါရီ ၅ /၂၀၂၅
ရခိုင်ပြည်၊ မောင်တော-ရသေ့တောင် စေတီပြင်တောင်ကျော်လမ်း မြိုယုကျေးရွာအနီး၌ သုံးဘီးတစ်စီးအား အကြမ်းဖက် အာဆာ(ARSA)အဖွဲ့မှ ဇန်နဝါရီလ ၄ ရက် ည ၇ နာရီခွဲခန့်၌ ခြုံခိုတိုက်ခိုက်ခဲ့သဖြင့် ခရီးသွားဒေသခံ၁ ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ကာ သုံးဘီး မောင်းသူမှာလည်းအပြင်းအထန်ဒဏ်ရာရရှိသွားကြောင်းသိရှိရသည်။
ဒဏ်ရရှိသူမှာ အင်းဒင်ကျေးရွာမှ ကိုသန်းဇော် (၃၀)နှစ်ဖြစ်ပြီးသေဆုံးသူ၏အမည်ကို မသိရသေးဟု ကျောက်ပန္ဒူဒေသခံတစ်ဦးကပြောဆိုသည်။
ဒဏ်ရာရရှိသူကိုသန်းဇော် ညာလက်ချောင်း ၃ ချောင်းပြတ် ထွက်သွားခဲ့ရပြီး ကျော့ကုန်း၌သေနတ်ကျဥ်စများထိမှန်ပြီးပြင်းထန်စွာဒဏ်ရာများရရှိသွားခဲ့သည်ဟုသိရသည်။
ကျောက်ပန္ဒူဒေသခံက"မနေ့က ည ၇ နာရီကျော်လောက်မှာ ကျောက်ပန္ဒူကနေ စေတီပြင်တောင်ကျော်လမ်းကိုသွားတဲ့ သုံးဘီးတစ်စီးကိုအာဆာအကြမ်းဖက်အဖွဲ့ကမြိုယုကျေးရွာအနီး မှာ ခြုံခိုတိုက်ခိုက်ခံရတာလို့သိရတယ်။ တစ်ယောက်ကပွဲချင်ပြီးသေသွားတယ်။ သုံးဘီးမောင်းသမားကတော့အပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့ သိရတယ်"ဟု ပြောသည်။
ကျောက်ပန္ဒူက နေ စေတီပြင်တောင်ကျော်လမ်းအတိုင်း ဇန်နဝါရီလ ၄ ရက် ည ၇ နာရီကျော်၌ သုံးဘီးတစ်စီးဖြင့် သွားရောက်ကြစဉ်ကျောက်ပန္ဒူ-စေတီပြင်တောင်ကျော်လမ်းရှိ "မြိုယု"မြို သို့ မရောက်မှီ အာဆာက ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့မေယုတောင်ကျော်လမ်း အထိအာဆာအကြမ်းဖက်အဖွဲ့မှ ခြုံခိုတိုက်ခိုက်မူများရှိလာသဖြင့်ကျောက်ပန္ဒူဒေသခံပြည်သူများ အပါအဝင်စစ်ဘေးရှောင်ပြည်သူများစိုးရိမ်မူများရှိနေကြရကြောင်းဒေသခံများကပြောဆိုသည်။
"မောင်တောဒေသကို စိုးရိမ်စရာတွေကတစ်နေ့ထက်တစ်နေ့များလာနေတယ်။ မောင်တောနဲ့ ရသေ့တောင်တောင် စေတီပြင်တောင်ကျော်လမ်းအထိလာပြီးအာဆာ အဖွဲ့ကခြုံပြီးတိုက်ခိုက်လာနိုင်တာကိုတော့အထူးသတိပြုဖို့လိုနေပါတယ်" ဒေသခံတွေကပြောဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်နေ့ ဘင်္ဂလာ-မြန်မာနယ်ခြားမှတ်တိုင်အမှတ် ၄၅ နဲ့ ၄၆ ဝေလာတောင်သွားလမ်း၌ ပုန်းခိုနေသည့် ARSA အဖွဲ့အား အာရက္ခတပ်တော် AAဖက်ကရှင်းလင်းတိုက်ခိုက်ပြီးတိုက်ပွဲပြင်းထန်စွာဖြစ်ပွါးခဲ့ကြ ကြောင်းသိရသည်"ဟုဒေသခံတစ်ဦးကပြောဆိုသည်။
ဓာတ်ပုံ=မောင်တော-ရသေ့တောင်စေတီပြင်တောင်ကျော်လမ်း မြိုယု(မြို)ကျေးရွာ အနီးသုံးဘီးအားအာဆာအဖွဲ့က ဇန်နဝါရီလ ၄ ရက် ည ၇ နာရီခွဲခန့်၌ ခြုံခိုတိုက်ခိုက်ခံခဲ့ရမူအားတွေရစဉ်။