Preview

အမ်း တရုတ်ဓာတ်ငွေ့ပိုက်လိုင်းဓာတ်အားခွဲစက်ရုံကို လုံခြုံရေးယူထားသည့် တောင်စောက်စခန်းကို AA သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဟုသတင်းထွက်ပေါ်လာ

သဉ္ဇာနွယ် | ဇန်နဝါရီ ၀၆/ ၂၀၂၅ | ကြည့်ရှုသူ :2602
ရခိုင် သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇန်နဝါရီ ၆/၂၀၂၅

ရခိုင်ပြည်၊အမ်းမြို့နှင့် မိုင် ၂၀အကွာတွင်တည်ရှိသည့်  တရုတ်ဓာတ်‌ငွေ့ပိုက်လိုင်းဓာတ်အားခွဲ စက်ရုံအားလုံခြုံရေးယူထားသည့် တောင်စောက်တောင်စစ်ကောင်စီစခန်းကို အာရက္ခတပ်တော် (AA)မှသိမ်းပိုက်ထိန်းချုပ်လိုက်ပြီဟု သတင်းများထွက်ပေါ်လာသည်။

တောင်စောက်တောင်စခန်းကိုလွန်ခဲ့သည့် ရက်ပိုင်းက အာရက္ခတပ်တော်(AA)မှသိမ်းပိုက်ထိန်းချုပ်လိုက်ပြီးစစ်ကောင်စီတပ်သားများမှာ အကျအဆုံးအများအပြားဖြင့် နောက်ဆုတ် သွားခဲ့သည်ဟု အမ်းဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

" တောင်စောက်တောင်စခန်းနဲ့အနီးအနားကကာကင်းတွေစခန်းတွေကိုရော၊တရုတ်ဓာတ်‌ငွေ့ပိုက်လိုင်းဓာတ်အားခွဲစက်ရုံကိုလံခြုံရေး ယူထားတဲ့ တောင်စောက်တောင်စခန်းကိုရောAAကသိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ပြောလို့ရတယ်။ အဲ့ဒီမှာ တရုတ်ပိုက်လိုင်းကိုအကာအကွယ်ယူပြီး ဆောက်ထားတဲ့ ကာကင်းစခန်းတွေကိုလည်း သိမ်းလိုက်ပြီ" ဟုပြောသည်။

တိုက်ပွဲအတွင်းတောင်စောက်တောင်ပေါ်ရှိ စခန်းများမှ စစ်ကောင်စီတပ်သားအများအပြားကိုလည်း AA ကလက်ရဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိကြောင်း၎င်းကပြောသည်။

" တိုက်ပွဲအတွင်းမှာ ဖမ်းဆီးရမိတဲ့စစ်သားတွေရှိတယ်။ လက်နက်တွေလည်းသိမ်းဆည်းရမိတယ်။စစ်တပ်က  ၂၀ လောက် သေတယ်။ ထွက်ပြေးတဲ့သူတွေလည်းထွက်ပြေးနေတယ် " ဟုပြောသည်။

အမ်းမြို့နယ်ရိုးပေါ်ရှိ တရုတ် ဓာတ်ငွေ့ပိုက်လိုင်းများကို လုံခြုံရေး ယူထားသည့်ကာကင်းစခန်းများကို AAမှ သိမ်းပိုက်ထားပြီး  မကွေးတိုင်းဘက်သို့  ဆုတ်ခွာထွက်ပြေးနေသည့်စစ်ကောင်စီတပ်သားများကိုAA လိုက်လံချေမှုန်းတိုက်ခိုက်နေကြောင်းလည်း၎င်းကပြောသည်။

အဆိုပါတောင်စောက်တောင်စခန်းတွင်စစ်ကောင်စီက လူအင်အားအများအပြား အပါအဝင် လက်နက်ကြီးများဖြင့် အင်အားဖြည့်တင်းထားကဒီဇင်ဘာလအတွင်းကဖြစ်ပွားခဲ့သည့်အမ်းမြို့သိမ်းတိုက်ပွဲတွင်လည်း အမ်းမြို့နှင့်အနီးအနားဝန်းကျင်ကို လက်နက်ကြီးကျည်များမကြာခဏပစ်ခတ်မှုပြုလုပ်ခဲ့သည်ဟုသိရသည်။

ဒီတောင်စောက်ကစစ်ကောင်စီစခန်းကို သိမ်းလိုက်ခြင်းနှင့် ပတ်သက်ပြီး AA ဘက်ကတော့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားမှု မရှိသေးသလို ပြောရေးဆိုခွင့်ရှိသူဦးခိုင်သုခကိုလည်း ဆက်သွယ်မေးမြန်း၍ မရရှိသေးပါ။

ယင်းအပြင်အမ်းမြို့နယ် တရုတ်ပိုက်လိုင်းရှိရာ တောင်စောက်၊ ဆင်ခုံတိုင်မှထွက်ပြေးလာသည့်စစ်ကောင်စီတပ်သားများကို ပိတ်ဆို့တားဆီးရာကနေစစ်ကောင်စီတပ်သား ၁၁ ဦးကို လက်နက် ၉ လက်နဲ့အတူ ဖမ်းမိခဲ့ကြောင်း  ဇန်နဝါရီ ၅ ရက်နေ့က   CDF - Asho စစ်ဘက်ရေးရာရုံးမှ သတင်းထုတ်ပြန်ထားသည်။ 

(ဓာတ်ပုံ- ပုံဟောင်းသာ)

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.