Preview

ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာ ဗုံးကြဲခံရ၊ လူပေါင်း ၄၁ ဦးသေဆုံးပြီး ၅၂ ဦး  ဒဏ်ရာရကာ အိမ်ခြေ ၅၀၀ မီးလောင်

ခိုင်လူလှ (ရိုးမမြေ) | ဇန်နဝါရီ ၀၉/ ၂၀၂၅ | ကြည့်ရှုသူ :2108
ရခိုင် သတင်း

နိရဉ္စရာ၊ ဇန်နဝါရီ ၉/၂၀၂၅

ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီလေတပ်က  ဇန်နဝါရီ ၈ ရက်နေ့ နေ့လယ် ၁ နာရီက ဗုံးကြဲခဲ့သဖြင့် လူပေါင်း ၄၁ ဦး သေဆုံးပြီး ၅၂ ခန့် ဒဏ်ရာရကာ အိမ်ခြေ ၅၀၀ ခန့် မီးလောင်သွားခဲ့သည်ဟု သတင်းရရှိသည်။

“ စစ်ကောင်စီ ဂျက်ဖိုက်တာ တစ်စီးဟာ မနေ့က  နေ့လယ် ၁ နာရီက ကျောက်နီမော်ကိုဗုံးတွေကြဲချခဲ့တဲ့အတွက်  တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်တွေကဒေသခံ ပြည်သူတွေရဲ့နေအိမ် ၅၀၀ လောက်မီးလောင်းပျက်စီးသွားခဲ့တယ်”ဟု ဒေသ သတင်းရင်းမြစ်တစ်ခုက ပြောသည်။

ဒဏ်ရာရသူများအထဲတွင် ကလေးငယ်များ၊  အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်ဟု သိရသည်။ ။

စစ်ကောင်စီသည် လူနေရပ်ကွက်ထဲကို တမင်ရည်ရွယ်ပြီး ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း  မျက်မြင်ဒေသခံများက ပြောသည်။



blob


 

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.