(တပ်ဆုတ်ထွက်ပြေးသည့် စစ်ကောင်စီတပ်သား၁၁ ဦးထဲမှ ၂ ဦးကို အသေမိကာ ၉ဦးကို လက်နက်ခဲယမ်းနှင့်အတူအရှင်ဖမ်းမိ)
သဉ္ဇာနွယ်- နိရဉ္စရာ၊ ဇန်နဝါရီ ၁၀/၂၀၂၅
ဧရာဝတီတိုင်း၊ပုသိမ်မြို့နယ်၊ ရွှေသောင်းယံ၊ မကျီးဇက် တိုက်နက်ဆေးရုံကို အာရက္ခတပ်တော်(AA) မှ သိမ်းပိုက်လိုက်ပြီးတပ်ဆုတ်ထွက်ပြေးသည့် စစ်ကောင်စီတပ်သား ၁၁ ဦးထဲက နှစ်ဦးကို အသေမိကာ ၉ ဦးကို လက်နက်များနှင့်အတူ အရှင် ဖမ်းမိသည်ဟု ဒေသစစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကိုပြောသည်။
အာရက္ခတပ်တော်(AA)မှ ယနေ့ဇန်နဝါရီ ၁၀ရက်နေ့တွင်စစ်ကောင်စီက လေကြောင်းကနေ ခုခံတိုက်ခိုက်နေသည့်ကြားက တိုက်နယ်ဆေးရုံကို စတင် သိမ်းပိုက်လိုက်ပြီဟု ပြောသည်။
" ဧရာဝတီတိုင်းမှာရှိတဲ့ ရွှေသောင်ယံအပိုင်း မကျီးဇင် တိုက်နယ်ဆေးရုံကိုပါအေအေကသိမ်းပိုက်လိုက်နိုင်ပါပြီ။ မကျီးဇင်က စစ်သားတွေ အကျအဆုံးတွေနဲ့ ဆုတ်ခွာထွက်ပြေးသွားကြတယ်" ဟု၎င်းက သတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီတပ်သား ၉ ဦးကို ဧရာဝတီတိုင်း ပုသိမ်-မုံရွာကားလမ်းတွင် လက်နက်နှင့်အတူ အာရက္ခတပ်တော်(AA)မှ အရှင်ဖမ်းမိထားသည်ဟု ဂွဒေသခံAAနှင့် နီးစပ်သူတစ်ဦးက နိရဉ္စရာကိုပြောသည်။
" မကျီးဇင် တိုက်ပွဲကနေ ခြေကျင်ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သား ၁၁ယောက်မှာ ၉ ယောက်ကို AAကအရှင်ဖမ်းမိထားတယ်။ ကျန်တဲ့နှစ်ယောက်ကိုတော့ အသေမိတယ်။လက်နက်တွေလည်းပါတယ် " ဟုပြောသည်။
ဇန်နဝါရီ ၉ ရက်နေ့ကဧရာဝတီပုသိမ်မြို့နယ် မကျီးဇင်တိုက်နယ်အဆင့် ကျေးရွာကို အာရက္ခတပ်တော် ( AA) နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု ဒေသအတွင်းက စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။
စစ်ကောင်စီသည် ယမန်နေ့ ညနေကလည်း မကျီးဇင် ပင်လယ်ကမ်းခြေတစ်လျှောက်ကို လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကိုလည်း ဆက်တိုက်ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
အာရက္ခတပ်တော်နှင့်ပူးပေါင်း မဟာမိတ်တပ်ဖွဲ့များသည် ဂွမြို့တောင်ဘက်သိမ်းပိုက်မကျည်းငူ၊ ရွှေရတီမြို့သစ်စီမံကိန်းတို့ကို သိမ်းပိုက်ပြီးနောက် ကမ်ရိုးတန်းတစ်လျှောက်ရှိ ကျေးရွာများကို တစ်ခုပြီး တစ်ခု ချီတက် တိုက်ခိုက်လာရာ လက်ရှိတွင် ရွှေသောင်ယံမြို့ အနီးထိ ရောက်ရှိလာပြီဟု သိရသည်။
ရွှေသောင်ယံဆေးရုံကို ၂၀၂၄ ဒီဇင်ဘာလကတည်းက စစ်ကောင်စီမှ ဝင်ရောက်နေရာယူကာစစ်ရေးပြင်ဆင်ထားခြင်းဖြစ်ပြီး ၂၀၂၅ ဇန်နဝါရီလအတွင်းမှတိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်သည်။
၎င်းတိုက်နယ် ဆေးရုံမှ စစ်ကောင်စီ၏အသုံးအဆောင်တချို့နှင့် ဆေးဝါးများကိုလည်း AAမှသိမ်းဆည်းရမိထားကြောင်း ဒေသခံများက ပြောသည်။