Preview

ပုသိမ်မြို့နယ် ရွှေသောင်ယံကို စစ်ကား ၁၃ စီးနှင့် တင့်ကားတချို့ စစ်ကူရောက် (ဘောမိ AA လက်ထဲကျသွားပြီဟုဆို)

ခိုင်လူလှ (ရိုးမမြေ) | ဇန်နဝါရီ ၁၁/ ၂၀၂၅ | ကြည့်ရှုသူ :5516
ရခိုင် သတင်း

နိရဉ္စရာ၊ ဇန်နဝါရီ ၁၁/၂၀၂၄

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ အနီးဝန်းကျင်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလာပြီးနောက် စစ်ကောင်စီက စစ်ကူပို့လွှတ်လိုက်သည့် စစ်ကား ၁၃ စီးနှင့် တင့်ကားများသည် ရွှေသောင်ယံမြို့သို့ ရောက်ရှိလာကြောင်း ဒေသခံစစ်ရေးရင်းမြစ်မှ နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

“ ဒီနေ့ မနက် ရွှေသောင်ယံကို စစ်ကား ၁၃ စီးရောက်လာတယ်။ တင့်ကားတွေလည်း ရောက်နေတယ်။ တိုက်ပွဲတွေကတော့ ရွှေသောင်ယံနဲ့ မကျီးဇင်အကြားမှာ အပြင်းအထန်ဖြစ်နေတယ်။ စကစက လေတပ်ရေတပ်တွေနဲ့ပါ တိုက်ခိုက်နေပါတယ်”ဟု ပြောသည်။

လက်ရှိယနေ့ ညနေထိ တစ်ပင်မော် ရေတပ်စခန်းကနေ အမြောက်ကြီးများဖြင့် ပစ်ကူပေးနေသည်ဟု ၎င်းက ပြောဆိုသည်။

“ အခု တစ်ပင်မော်ရေတပ်စခန်းက တိုက်ပွဲဖြစ်ပွားနေတဲ့ မကျီးဇင်နဲ့ ရွှေသောင်ယံ ကြားနေရာတွေကို လက်နက်ကြီးပစ်ကူပေးနေတယ်။ တင့်ကားတွေကတော့ ဝက်သေဆိုတဲ့ ရွာနားမှာ စခန်းချထားတယ်။ သူတို့ကတော့ ပစ်ခတ်တာမျိုး မရှိသေးဘူး”ဟု ပြောသည်။

အာရက္ခတပ်တော်နှင့် မဟာမိတ်ပူးပေါင်းတပ်များသည် မကျီးဇင်ကို သိမ်းပိုက်ပြီးနောက် ချိုင်လယ်ရွာကို ဖြတ်ကျော်ကာ ဘောမိကို ချီတက် တိုက်ခိုက်ကာ သိမ်းပိုက်လိုက်ပြီဟု ၎င်းက ပြောကြားသည်။

" ဘောမိကို အေအေ သိမ်းပိုက် ရရှိသွားပါပြီ။ ဘောမိလွန်ရင်တော့ ရွှေသောင်ယံကို ရောက်ပါမယ်။ စစ်တပ်ကလည်း ရွှေသောင်ယံကနေ ခုခံဖို့ အပြင်းအထန် ပြင်ဆင်နေပါတယ်။ တိုက်ပွဲက ပိုပြီး ဆက်လက်ပြင်းထန်နိုင်ပါတယ်" ဟု ၎င်းက သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ တိုက်ပွဲ သတင်းများနှင့် ပတ်သက်ပြီး အာရက္ခတပ်တော် ( AA) ပြောခွင့်ရသူ ဦးခိုင်သုခအားဆက်သွယ်မေးမြန်းနေဆဲဖြစ်ပြီး တစ်စုံတစ်ရာ အကြောင်းပြန်ကြားမှု မရှိသေးပါ။

ပုံစာ- ပုံဟောင်းသာ


#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.