Preview

ရန်ကုန်တွင် ရခိုင်လူမျိုးများအား ပစ်မှတ်ထား ဖမ်းဆီးမှုမြင့်တက်နေချိန်တွင် စစ်တွေလည်း စစ်ပြေးရှောင်နေသူများ၏ စာရင်းများကို ကောက်ခံနေ၍ လူထုကြား စိုးရိမ်မှုမြင့်တက်

သဉ္ဇာနွယ် | ဇန်နဝါရီ ၁၅/ ၂၀၂၅ | ကြည့်ရှုသူ :1260
ရခိုင် သတင်း

သဉ္ဇာနွယ်- နိရဉ္စရာ၊ ဇန်နဝါရီ ၁၅/၂၀၂၅

ရန်ကုန်မြို့တွင် ရခိုင်လူမျိုးများအား ဦးတည်ပစ်မှတ်ထား စစ်ဆေးဖမ်းဆီးနေချိန်တွင် စစ်တွေမြို့တွင်လည်း စစ်ဘေးရှောင်ပြည်သူများ၏ စာရင်းများကို လိုက်လံကောက်ယူနေသဖြင့် လူထုအကြား စိုးရိမ်မှုများရှိနေကြကြောင်း သတင်းရရှိသည်။

စစ်တွေမြို့တွင်စစ်ရှောင်သွားသည့်နေအိမ်များမှ လူဦးရေစာရင်းကိုရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် စစ်တပ်၊ရဲများက အိမ်ထောင်စုစာရင်းများကိုကိုင်ဆောင်လာကာ တစ်အိမ်တက်ဆင်း အတိအကျစစ်‌ဆေးနေသည်ဟု စစ်တွေမြို့ခံအမျိုးသားတစ်ဦးက နိရဉ္စရာ ကိုပြောသည်။

"  အိမ်မှာ လူ ၅ ယောက်ရှိရင် ၂ယောက်က ရန်ကုန်ကို စစ်ရှောင်သွားရင် အဲ့ဒီ နှစ်ယောက်က ဘယ်နေရာကိုသွားလဲ။ရန်ကုန်ကိုရှောင်ရင် ရန်ကုန်ဘယ်ရပ်ကွက်၊ဘယ်လမ်းမှာနေလဲ။ဘယ်လောက်ကြာပြီလဲ အတိအကျမေးပြီးစစ်တယ်" ဟုပြောသည်။

စစ်ဘေးရှောင်သွားသူများ၏ ရန်ကုန်အပါအဝင် တစ်ခြားနေရာများတွင်နေထိုင်သည့် နေရပ် လိပ်စာကိုပါ မေးမြန်းနေ၍ အထူးစိုးရိမ်စရာကောင်းနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

စစ်ဘေးကိုကြောက်၍ရန်ကုန်ကိုစစ်ရှောင်သွားသည့် စစ်တွေမြို့ခံများကိုပင် သင်္ကာမကင်းသံသယမျာ းထားရှိလာသဖြင့် အထူးစိတ်မကောင်းဖြစ်ရသည်ဟု နောက်ထပ် စစ်တွေမြို့ခံ အမျိုးသား တစ်ဦးက နိရဉ္စရာ ကိုပြောသည်။

"  နပခဌာနချုပ်ကိုသိမ်းပြီး စစ်တွေကနေရန်ကုန်ကို  ဒီဇင်ဘာလမကုန်ခင်ကတည်းကအထွက်များတယ်။ စစ်ကောင်စီက ရန်ကုန်ရောက်နေတဲ့သူတွေကိုတောင် အေအေနဲ့ဆက်စပ်မှုရှိတယ်လို့သံသယတွေ ဝင်နေတာ။ သူတို့စိတ်ကိုက ရခိုင်ဆိုအကုန်အပြစ်မရှိအပြစ်ရှာနေတာ။ ကြောက်စိတ်လွမ်းမိုးနေတယ်လို့ပြောရမလားဘဲ " ဟုပြောသည်။

ယင်းအပြင်ရန်ကုန်မြို့သို့ရောက်ရှိနေသည့် ရခိုင် စစ်ရှောင်များ၏ဧည့်စာရင်းတိုင်ကြားသည့် လူဦးရေ စာရင်းကိုလည်း နေထိုင်သည့်ရပ်ကွက်အလိုက်အတိအကျစာရင်းကောက်ခံနေသည့်အတွက် စိုးရိမ်မှုနှင့်နေထိုင်နေရသည်ဟု  ရန်ကုန်ရောက် စစ်ရှောင်အမျိုးသမီးတစ်ဦးက နိရဉ္စရာ ကို ပြောသည်။

" ရန်ကုန်မှာ ရခိုင်များရင်များတဲ့ရပ်ကွက်အလိုက် ဧည့်စာရင်းတိုင်ထားတဲ့စာရင်းတွေကိုတိတိကျကျစုနေတယ်။ရခိုင်ဆိုရင်  စစ်တွေကပဲဖြစ်ဖြစ်၊တခြားဘယ်ကပဲဖြစ်ဖြစ်စစ်ကိုစစ်တာ။ ကျွန်မတို့မှာသားပျိုသမီးပျိုမရှိပေမယ့်ခုလို စစ်ဆေးကြမ်းလာတော့ နေရတာမွန်းကျပ်လာတယ်" ဟု ပြောသည်။

ယင်းနောက်ပိုင်းတွင် စစ်တွေမြို့ခံအများစုမှာ စစ်တွေတွင်တိုက်ပွဲဖြစ်လာမည်ကိုစိုးရိမ်ပြီး တခုတည်းသောထွက်ပေါက်ဖြစ်သည့် ပြည်မဖက်သို့လေယာဉ်ဖြင့် စစ်ရှောင်နေရခြင်းဖြစ်သည်ဟုသိရသည်။

လက်ရှိစစ်တွေရှိမြို့မှာ စစ်ကောင်စီ၏ထိန်းချုပ်မှုအောက်တွင်ရှိပြီး လက်နက်မဲ့ပြည်သူများကိုစစ်ကောင်စီမှခြိမ်းခြောက်မှုများကြောင့် မြို့ခံများမှာ လှောင်အိမ်ထဲတွင်နေရသကဲ့သို့ စိတ်မွန်းကျပ်မှုများ ရှိနေကြောင်း မြို့ခံများက ပြောသည်။ 

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.