(စစ်တွေစျေးကြီးအနီး ကုလားတန်မြစ်အတွင်းလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုရှိ)
အေးမြတ်ခိုင်- နိရဥ္စရာ၊ဇန်နဝါရီ၁၆/၂၀၂၅
စစ်တွေအခြေစိုက် စစ်ကောင်စီအမှတ် (၁၂) ရဲတပ်ရင်းနှင့်ရေတပ်နေဗီများကလက်နက်ကြီးများဖြင့်ပစ်ခတ်၍ စစ်တွေမြို့နယ်နှင့် နီးကပ်စွာတည်ရှိသည့် ပုဏ္ဏားကျွန်းမြို့နယ်မှ စပါးထားကျေးရွာတွင် ကျရောက် ပေါက်ကွဲကာနေအိမ် (၉) လုံးမီးလောင် သွားကြောင်းသတင်းရသည်။
ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့နယ်ဝါဘိုကျေးရွာအပါအဝင်၊ စစ်တွေနှင့်ပုဏ္ဏားကျွန်းမြို့နယ် ဆက်စပ် ကျေးရွာ
“တစ်မနက်လုံးပစ်တယ်။နေ့လယ်၁၂နာရီလောက်အထိပစ်တယ်ထင်တယ်။ဝါဘို၊ကျွဲထိုး၊အောင်ဇေယျ၊စပါးထားတို့မှာကျတယ်။စပါးထားမှာတော့အိမ်၉ဆောင်တောင်မီးလောင် သွားတယ်။”
စစ်တွေမြို့နယ်၊ဝါဘိုကျေးရွာကိုAAက သိမ်းပိုက်လိုက်သည်ဟု သတင်းများကြောင့် ယနေ့နံနက်အာရုဏ်မှာစစ်ကောင်စီကဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက်ဝါဘိုကျေးရွာအနီးတဝိုက်ကိုလက်နက်ကြီးပစ်ခတ်မှုများကိုလည်းပြုလုပ်ခဲ့သည်ဟု၎င်းကပြောသည်။
ယင်းအပြင်ကုလားတန်မြစ်အတွင်းရပ်နားထားသည့်
“ ပုဏ္ဏားကျွန်းဖက်ကိုလှမ်းပစ်တာ။ပစ်မှတ်မရောက်ဘဲ လမ်းတစ်ဝက်မှာမြစ်ထဲကျတာထင်တယ်။ကံကောင်းလို့အရင်တခါလိုစျေးထဲသာကျရင်ကျမလည်းသေမှာ”ဟုစစ်တွေဒေသခံစျေးရောင်းနေသူကမန်အမျိုးသမီးတစ်ဦးကပြောသည်။
ဒီဇင်ဘာလကတည်းကစစ်တွေမြို့နယ် ကျေးရွာအချို့တွင် စစ်ကောင်စီတပ်နှင့်အာရက္ခတပ်တော်(AA) တို့အကြားနှစ်ဖက်ထိတွေ့တိုက်ပွဲတချို့ရှိခဲ့ပြီးစစ်ရေးတင်းမာမှုရှိလာ၍စစ်တွေမြို့အတွင်းပိတ်မိနေသည့်ဒေသခံများစိုးရိမ်မှုရှိနေသည်။
“အခုကနှစ်ဖက်တပ်တွေ ပစ်တာမဟုတ်ဘူး။မြို့ထဲကနေ စစ်တပ်က ပစ်နေတာ။ ဒေသခံတွေလည်းဘယ်အချိန်ဘာဖြစ်မလဲစိုးရိမ်နေကြတယ်။ဒီနေ့ဆိုလက်နက်ကြီးပစ်သံတွေရော၊ဗုံးကြဲသံတွေရော ကြားရတယ်။ ညဘက်ဘာဖြစ်လာမလဲတောင်စိတ်ပူနေရတယ်”ဟုစစ်တွေ၊ကုန်တန်းရပ်ကွက်မှဒေသခံအမျိုးသားတစ်ဦးကပြောသည်။
နှစ်ဘက်စစ်ရေးတင်းမာနေသည့်စစ်တွေမြို့တွင် စစ်ကောင်စီကခံစစ်အခိုင်အမာပြင်ဆင်နေကာမြို့တွင်းတွင် အရင်ကထက်လုံခြုံရေးတိုးမြင့်ချထားကြောင်
အာရက္ခတပ်တော်(AA)သည် ရခိုင်ပြည်အတွင်းမြို့နယ်ပေါင်း (၁၄) ခုနှင့် ပလက်၀ ဒေသ တစ်ခုလုံးကိုသိမ်းပိုက်ထားပြီးစစ်တွေ၊ကျောက်ဖြူနှင့်မာန်အောင်မြို့နယ်တို့သာကျန်ရှိတော့သည်။
ပုံစာ- ပုဏ္ဏားကျွန်းမြို့နယ်ရဲရိုးပြင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဉ်။