Preview

အရှေ့တောင်အာရှ သင်္ချာပြိုင်ပွဲတွင် ရခိုင်လူငယ်တစ်ဦး ရွှေတံဆိပ်ဆုရရှိ

နိရဉ္စရာ | ဇန်နဝါရီ ၂၆/ ၂၀၂၅ | ကြည့်ရှုသူ :3314
ရခိုင် သတင်း

နိရဉ္စရာ၊ ဇန်နဝါရီ ၂၆/၂၀၂၅

မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်ကျင်းပသောနိုင်ငံတကာအဆင့်Southeast Asian Mathematical Olympiad-X(SEAMO-X)ပြိုင်ပွဲကြီးတွင်မောင်ရဲဇော်ထက်- Paper A- Gold Award ( Global Ranking 12)ကိုရရှိခဲ့သည်ဟုသတင်းရရှိသည်။

အဆိုပါ ပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၈ ရက်မှ၁၉ ရက်နေ့ထိပြုလုပ်ခဲ့ရာ မောင်ရဲထက်ဇော် (၉) နှစ် သည် ပထမရရှိပြီး ရွှေတံဆိပ်ဆုကို ဆွတ်ခူး ရရှိခဲ့ခြင်းဖြစ်သည်။

မောင်ရဲထက်ဇော်သည် ရန်ကုန်ရှိ  Students’ Target Private High School တွင် တက်ရောက် သင်ကြားနေသည့် ကျောင်းသားတစ်ဦးဖြစ်သည်။

မောင်ရဲထက်ဇော်မှာ ရခိုင်ပြည် သံတွဲမိဖနှစ်ပါးကြသော ဦးကျော်ဇင်ဖြိုး၊ ဒေါ်ခင်လေးမွန်တို့၏ သားဖြစ်ပြီး လက်ရှိ ရန်ကုန်မြို့တွင် နေထိုင်ကြကြောင်း သိရသည်။

Southeast Asian Mathematical Olympiad -X (SEAMO-X) ပြိုင်ပွဲကြီးတွင် Student’s Target မှ မောင်ရဲဇော်ထက် - Paper A- Gold Award ( Global Rakning 12) ရရှိခဲ့သည့်အတွက်  Student’s Target ၏ အသက်အငယ်ဆုံး SEAMO-X ရွှေတံဆိပ် ဆုရှင်အဖြစ် ဂုဏ်ယူဖော်ပြအပ်ပါကြောင်း Target ကျောင်း၏ ထုတ်ပြန်ချက်တွင်လည်း ဖော်ပြထားသည်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.