နိရဉ္စရာ၊ ဇန်နဝါရီ ၂၇/ ၂၀၂၅
အာရက္ခတပ်တော် ( AA)သည် တောင်ကုတ်မြို့နယ် ရက္ခိုင်ရိုးမတောင်တန်းထက်ရှိ ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီ၏စခန်းတစ်ခုဖြစ်သည့် မိုးထိတောင်စခန်းကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်၊ နံနက် (၁၁) နာရီ (၁၀) မိနစ်အချိန်မှာအပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်းယနေ့ ဇန်နဝါရီ ၂၇ ရက်နေ့မှာ AA ၏ သတင်းနှင့် ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။
၎င်းစခန်းကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်၊ နံနက် (၆) နာရီ (၃၀) မိနစ်မှာစတင် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် ၅ ရက်အကြာတွင် အပြီးသတ် သိမ်းယူနိုင်ခဲ့သည်ဟု ဖော်ပြသည်။
စစ်ကောင်စီထံကစစ်အသုံးအဆောင်၊ လက်နက်ခဲယမ်း၊ အလောင်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။
၎င်းအပြင် အာရက္ခတပ်တော်ဟာ ဧရာဝတီ-ရက္ခိုင်အစပ် (သို့) ဧရာဝတီတိုင်းအတွင်းရှိ ပွိုင့် (၂၆၃) စခန်းအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၆ ) ရက်နေ့၊ နေ့လယ် (၂) နာရီ (၂၈) မိနစ်အချိန်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်ဟုဖော်ပြသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၁ ) ရက်နေ့၊ ညနေ (၅) နာရီ (၅၀) မိနစ်အချိန်တွင်လည်း ပွိုင့် (၃၆၉) စခန်းကိုလည်း သိမ်းပိုက်ရရှိခဲ့ကြောင်းဖော်ပြထားသည်။
အာရက္ခတပ်တော်မှ သိမ်းပိုက်ထားသော ပွိုင့် (၂၆၃) စခန်းအား စစ်ကောင်စီကယနေ့ ဇန်နဝါရီလ (၂၇) ရက်၊ နေ့လယ် (၁) နာရီ (၃၈) မိနစ်၌ လေကြောင်း၊ လက်နက်ကြီးပစ်ကူများနှင့်အတူ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်းဖော်ပြထားသည်။
အာရက္ခတပ်တော်ရဲ့သတင်းထုတ်ပြန်ချက် မူရင်းကို အောက်တွင် ဖတ်ရှုနိုင်ပါသည်>>>
အာရက္ခတပ်တော်၏ တိုက်ပွဲသတင်းများ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်
အာရက္ခတပ်တော်သည် ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက်ရှိ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ လက်ကျန်စခန်းများကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည့်နည်းတူ ရန်သူသည်လည်း ပဲခူးတိုင်းဖက်မှ မိမိတို့အား တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် ပဲခူးတိုင်း-ရက္ခိုင် အစပ်နေရာများနှင့် ရက္ခိုင်ရိုးမတောင်တန်းထက်တွင် တိုက်ပွဲများမှာ နေ့တိုင်းဖြစ်ပွားလျက်ရှိသည်။
ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်အတွင်း (တနည်းအားဖြင့်) ရက္ခိုင်ရိုးမတောင်တန်းထက်ရှိ ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီ၏ စခန်းတစ်ခုဖြစ်သော မိုးထိတောင်စခန်းအား မိမိတို့မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်၊ နံနက် (၆) နာရီ (၃၀) မိနစ်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
ငါးရက်ခန့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်၊ နံနက် (၁၁) နာရီ (၁၀) မိနစ်အချိန်တွင် အဆိုပါရန်သူ့စခန်းအား အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။
ရန်သူ၏ စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်း၊ အလောင်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။
ထို့အပြင် ဧရာဝတီ-ရက္ခိုင်အစပ် (သို့) ဧရာဝတီတိုင်းအတွင်းရှိ အာရက္ခတပ်တော်မှ သိမ်းပိုက်ထားသော ပွိုင့် (၂၆၃) စခန်းအား ရန်သူသည် ယနေ့၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်၊ နေ့လယ် (၁) နာရီ (၃၈) မိနစ်၌ လေကြောင်း၊ လက်နက်ကြီးပစ်ကူများနှင့်အတူ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
အာရက္ခတပ်တော်သည် ပွိုင့် (၂၆၃) စခန်းအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၆ ) ရက်နေ့၊ နေ့လယ် (၂) နာရီ (၂၈) မိနစ်အချိန်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၁ ) ရက်နေ့၊ ညနေ (၅) နာရီ (၅၀) မိနစ်အချိန်တွင် ပွိုင့် (၃၆၉) စခန်းကို သိမ်းပိုက်ရရှိခဲ့သည်။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီး (အမ်း-ပဒါန်း ကားလမ်းမထက်) တွင် ယနေ့၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့၌လည်း အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ တမခ (၉၉) လက်အောက်ခံ ခမရ (၄၁၉) ၊ (၁၄) တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းနှင့် အာရက္ခတပ်တော်တို့သည် နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
မိမိတို့၏ တန်ပြန်ခုခံစစ်ကို မယှဉ်နိုင်သော ရန်သူသည် ဂုတ်စီးရိုးကျေးရွာဘက်သို့ ဆုတ်ခွာသွားခဲ့ရသည်။
ဆုတ်ခွာထွက်ပြေးသွားသော ရန်သူများအား လိုက်လံရှင်းလင်း တိုက်ခိုက်လျက်ရှိရာ ရန်သူ့အလောင်းနှင့် လက်နက်ခဲယမ်းအချို့ ကိုထပ်မံသိမ်းဆည်းရမိခဲ့သည်။
စစ်တွေမြို့အနီးပတ်ဝန်းကျင်၌ နှစ်ဖက် အပြန်အလှန် လက်နက်ကြီး၊ စနိုက်ပါ၊ ဒရုန်းပစ်ခတ်တိုက်ခိုက်မှုများမှာ နေ့တိုင်းရှိနေခဲ့သည်။သတင်းနှင့်ပြန်ကြားရေးအာရက္ခတပ်တော်