Preview

AAနှင့် ဖြစ်ပွားသည့် ငဖဲမြို့နယ်တိုက်ပွဲအတွင်း အင်အား ၁၃၀၀ ကျော်စစ်ကောင်စီတပ်၊အင်အား ၇၀၀ ခန့်သာ ကျန်ရှိတော့ဟုဆို

ခိုင်လူလှ (ရိုးမမြေ) | ဖေဖော်ဝါရီ ၀၂/ ၂၀၂၅ | ကြည့်ရှုသူ :4498
ရခိုင် သတင်း

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁/၂၀၂၅

အာရက္ခတပ်တော် (AA)က ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ငဖဲမြို့နယ်တွင် တိုက်ပွဲဝင်နေသည့် အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံတပ်ရင်းများတွင်နဂိုက အင်အား ၁၃၀၀ ကျော်ရှိခဲ့သော်လည်း လက်ရှိတွင် အင်အား ၇၀၀ ကျော်သာ ကျန်ရှိတော့ကြောင်း ဧရာ၀တီသတင်းဌာ၏ သတင်းတစ်ပုဒ်အရ သိရသည်။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာ အနီးမှာ ခံစစ်တည်ဆောက်ထားသည့်အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံတပ်ရင်းများကို ဇန်နဝါရီ၃၁ ရက်နေ့က အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ရုပ်အလောင်း ၆၀ ကျော် ရရှိပြီး စစ်သုံ့ပန်း တချို့ကို ထိမ်းသိမ်းထားသလို လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်ဟု ရရှိထားသော မြေပြင် အချက်အလက်များကိုကိုးကားပြီး ဧရာ၀တီက သတင်းဖော်ပြသည်။  

ထိုသို့ တိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီ တပ်မ (၉၉) လက်အောက်ခံတပ်များတွင်အင်အားအများအပြားပြုန်းတီးသွားခဲ့သည်ဟုသိရသည်။   

blob
              သိမ်းဆည်းမိ လက်နက်ခဲယမ်းများ (ဓာတ်ပုံ- ဧရာ၀တီ)








“ တပ်မ (၉၉) လက်အောက်ခံတပ်တွေဟာ မကွေးတိုင်းအတွင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့မှာ စပြီးအင်အား ဖြည့်တင်းလာခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့အထိ စုစုပေါင်း အင်အား ၁၃၀၀ ကျော်ရှိပြီဖြစ်ပေမယ့် တိုက်ပွဲအတွင်း လက်နက်ချ၊ သေဆုံး၊ ထွက်ပြေးမှုများကြောင့် အင်အား ၇၀၀ ခန့်သာ ကျန်တော့တယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ် အချက်အလက်အရ သိရပါတယ်” ဟု ဧရာ၀တီက သတင်းဆက်လက်ဖော်ပြသည်။  

တပ်မ (၉၉) လက်အောက်ခံ နည်းဗျူဟာ ၃ ခုဖြစ်သည့် ၉၉၁၊ ၉၉၂၊ ၉၉၃ တို့နဲ့ ဖွဲ့စည်းထားသော တပ်ရင်း ၁၀ ခုရှိပြီး ဒီအထဲက ၆ ရင်းဖြင့်ဂုတ်စီးရိုးကျေးရွာအနီးမှာ ခံစစ်တည်ဆောက် ထားသည်ဟုသိရသည်။

တပ်မ (၉၉) လက်အောက်ခံတပ်များသည်အမ်း-ပဒါန်း ကားလမ်းမပေါ်ကို စစ်ကားကြီး ၂၈ စီးဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ရောက်ရှိလာခဲ့ကြခြင်းဖြစ်ပြီးAA ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကို ခံခဲ့ရခြင်းဖြစ်သည်။  

တပ်မ (၉၉) လက်အောက်ခံတပ်များသည်မကွေးတိုင်းအတွင်းက စစ်ကောင်စီ၏ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ) များနှင့် ရခိုင်ပြည်နယ်နှင့်မကွေးတိုင်းကို ချိတ်ဆက်ထားသောအမ်း-ပဒါန်း လမ်းမကြီးကို ကာကွယ်ရန်အတွက်ရောက်ရှိလာကြခြင်းဖြစ်ကြောင်း သိရသည်။

အာရက္ခတပ်တော်၏ဇန်နဝါရီ ၂၇ ရက်နေ့ စစ်ရေးသတင်းထုတ်ပြန်ချက်တွင်လည်း မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီး (အမ်း-ပဒါန်း ကားလမ်းမထက်) တွင် ယနေ့၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့၌လည်း အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ တမခ (၉၉) လက်အောက်ခံ ခမရ (၄၁၉) ၊ (၁၄) တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းနှင့် အာရက္ခတပ်တော်တို့သည် နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဖော်ပြထားသည်။ 

AA ၏ တန်ပြန်ခုခံစစ်ကို မယှဉ်နိုင်သောစစ်ကောင်စီတပ်သည် ဂုတ်စီးရိုးကျေးရွာဘက်သို့ ဆုတ်ခွာသွားခဲ့ရသည်။

ဆုတ်ခွာထွက်ပြေးသွားသော ရန်သူများအား လိုက်လံရှင်းလင်း တိုက်ခိုက်လျက်ရှိရာ ရန်သူ့အလောင်းနှင့် လက်နက်ခဲယမ်းအချို့ ကိုထပ်မံသိမ်းဆည်းရမိခဲ့သည်ဟုAA၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.