Preview

ရန်ကုန်မှ ရခိုင်သို့ ဟိုက်ဂျက် ကားသုံးစီးနှင့်အတူအပြန်တွင် အဖမ်းခံရသည့် သံဃာတော်များအပါအဝင် ရခိုင်လူမျိုး၆၀ကျော်ခန့် အဆက်အသွယ်မရဖြစ်နေ

သဉ္ဇာနွယ် | ဖေဖော်ဝါရီ ၀၇/ ၂၀၂၅ | ကြည့်ရှုသူ :6057
ရခိုင် သတင်း

သဉ္ဇာနွယ်- နိရဉ္စရာ၊ ဖေဖော်ဝါရီ ၇/၂၀၂၆

ရန်ကုန်မြို့မှ ရခိုင်သို့ပြန်သည့် သံဃာတော်များအပါအဝင် ရခိုင်လူမျိုး ၆၀ ခန့်ကို ဟိုက်ဂျက်(Hijet)ကားသုံးစီးနှင့်အတူ  စစ်ကောင်စီကဖမ်းဆီးသွားခဲ့ပြီနောက် အဆက်အသွယ်မရဘဲဖြစ်နေသည်ဟု ရွှေပြည်သာမြို့နယ်မှ မြို့ခံတစ်ဦးက နိရဉ္စရာကိုပြောသည်။

" ကားတစ်စီးမှာ လူ ၂၀ကျော်လောက်စီပါတယ်။ တစ်စီးမှာ သံဃာတော်တစ်ပါးစီ၊ကားကစုစုပေါင်း သုံးစီး‌ဆိုတော့ လူ ၆၀ကျော်လောက်ရှိတယ်။ မြို့အထွက်မှာ  စစ်သားတွေကကားကိုရပ်ခိုင်းပြီး စစ်ဆေးပြီးဖမ်းသွားတာ" ဟုပြောသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့နံနက်ပိုင်းက ရွှေပြည်သာမြို့အထွက်တွင် စစ်ကောင်စီတပ်နှင့်ရဲများ၏ဖမ်းဆီးခြင်းကို ခံခဲ့ကြရခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။  

" အဓိက ၁၁/မျဉ်းစောင်းကိုတင်းကျပ်တာ။ ကားပေါ်မှာပါလာတဲ့ လူတွေကရခိုင်လူမျိုးတွေပါ။ မိန်းကလေးတွေရော ယောက်ျားလေးတွေရောပါတယ်။ပြန်လွတ်/ မလွတ်တော့သေချာမသိရသေးဘူး " ဟုပြောသည်။

ဖမ်းဆီးရသည့်အကြောင်းအရင်းမှာ စစ်ဆေးစဉ်၁၁/မျဉ်းစောင်းကိုင်ဆောင်သည့် ရခိုင်လူမျိုးများ ဖြစ်ရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းသူတစ်ဦးနှင့်နီးစပ်သည့် အမျိုးသားတစ်ဦးက နိရဉ္စရာ ကိုပြောသည်။

ရွှေပြည်သာမြို့နယ်တွင် စစ်ကောင်စီရပ်ကွက် အုပ်ချုပ်ရေးမှုးနှင့်ရဲများက စစ်မှုထမ်းဥပဒေကြောင့် အသက် ၁၈နှစ်နှင့်အထက် ဧည့်စာရင်းတိုင်ထားသူများကိုအတင်းအဓမ္မ စစ်မှုထမ်းခေါ်မှုများရှိ နေသဖြင့်ရခိုင်လူငယ်တချို့မှာထွက်ပြေးနေကြရသည်ဟုရွှေပြည်သာမြို့နယ်မှ ရခိုင်အမျိုးသားတစ်ဦးကနိရဉ္စရာသတင်းဌာနကိုပြောသည်။

" ရန်ကုန်မှာအနေကြာတဲ့သူတွေ ဧည့်စာရင်းတိုင်ထားတဲ့သူတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကသိတယ်လေ။ သူတို့နာမည်နဲ့ရပ်ကွက်အလိုက် စစ်မှုထမ်းလာခေါ်တာတွေရှိလို့ ထွက်ပြေးနေရတယ် " ဟု ပြောသည်။

လက်ရှိဖမ်းဆီးခံရသူများကို မည်သည့်နေရာတွင် ချုပ်နှောင်ဖမ်းဆီးထားသည်ကိုမသိရသေးသဖြင့် နီးစပ်သူများက လိုက်လံစုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

စစ်ဆေးဖမ်းဆီးခံရသူများအထဲတွင်အများစုမှာ  ရွှေပြည်သာ အထည်ချုပ်စက်ရုံများတွင် အလုပ်လုပ်နေသည့်လူငယ်ပိုင်းအရွယ်များဖြစ်ပြီး အလုပ်အကိုင်အဆင်မပြေသည့်အပြင် စစ်ကောင်စီမှနေအိမ်၊ အဆောင်များကို ညအချိန်ဧည့်စာရင်းစစ်ဆေးခြင်း၊ စက်ရုံများကိုလည်း ဝင်ရောက်စစ်ဆေးခြင်း၊စစ်မှုထမ်းရန် အတင်းဖမ်းဆီးခေါ်ဆောင်ခြင်းများ ပိုမို ပြုလုပ်လာသဖြင့် ရခိုင်သို့မိမိလမ်းကြောင်းဖြင့် ပြန်ကြခြင်းဖြစ်ကြောင်း ပြောကြားသည်။

ပြည်သူ့စစ်မှုထမ်းသင်တန်းအပတ်စဉ် (၈)တွင် ဗမာပြည်မဘက်တွင် ဖမ်းဆီးခံခဲ့ရသည့် ရခိုင်လူငယ် အနည်းဆုံး ၄၀၀ ခန့်ကို စစ်ကောင်စီ၏ စစ်သင်တန်းသို့ စေလွှတ်ခဲ့သည်ဟု ရခိုင်သတင်းရင်း မြစ်တစ်ခုက နိရဉ္စရာသို့ ပြောဆိုသည်။ (ဓာတ်ပုံ- NMG/ ပုံအဖြစ်ဖော်ပြခြင်းသာ)

#လူ့အခွင့်အရေး#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.