Preview

ရခိုင်နယ်စပ် တိုင်း ၃ တိုင်း၏ စစ်ကောင်စီတန်ပြန်ထိုးစစ်မှာ မအောင်မြင်ဘဲ ခံစစ်အနေအထား ဖြစ်သွားခဲ့ရဟုCDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်

လူထက်နိုင် | ဖေဖော်ဝါရီ ၀၉/ ၂၀၂၅ | ကြည့်ရှုသူ :2286
ရခိုင် သတင်း

လူထက်နိုင်၊ နိရဉ္စရာ၊ဖေဖော်ဝါရီ ၈/၂၀၂၅

ရခိုင်ရိုးမနှင့်ထိစပ်နေသော ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် ဧရာဝတီတိုင်းစသည့် တိုင်းသုံးတိုင်းတွင်စစ်ကောင်စီက တပ်များကို ပြန်စုဖွဲ့ပြီး လေကြောင်းအကူ၊ လက်နက်ကြီးပစ်ကူများဖြင့် AA သိမ်းပိုက်ထားသည့် စခန်းများကို ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်နေသော်လည်းအာရက္ခတပ်တော်(AA)နှင့်ပူးပေါင်း မဟာမိတ် တပ်ဖွဲ့များ၏ အပြင်းအထန် ပြန်လည် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီထိုးစစ်များမှာ မအောင်မြင်ဘဲ ခံစစ်အနေအထားသို့ကျရောက် သွားခဲ့ရကြောင်း CDM ဗိုလ်ကြီးဇင်ယော်ကသုံးသပ်ပြောကြားသည်။

 နိရဉ္စရာသတင်းဌာနမှ လက်ရှိ ရခိုင်းရိုးမ အစပ် တိုင်း ၃ တိုင်းတွင် စစ်ကောင်စီက ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု ထွက်ပေါ်လာသည့် သတင်းများနှင့် ပတ်သက်ပြီး ဆက်သွယ် မေးမြန်းရာတွင် ဗိုလ်ကြီးဇင်ယော်က မြေပြင်စစ်ရေး သတင်းရင်းမြစ်များကို ကိုးကားပြီး ထိုသို့ သုံးသပ်ပြောဆိုသွားသည်။

စစ်ကောင်စီအတွက်ကျတော့ စစ်မျက်နှာစာကျယ်ပြန့်သွားတာပေါ့စစ်ကောင်စီက အမ်းကိုပြန်တိုက်ဖို့ဆိုတာထက် မကွေးတိုင်းထဲကိုရောက်မလာအောင်၊ပဲခူးတိုင်းထဲကိုရောက်မလာအောင်၊ ဧရာဝတီမှာ ထိုးစစ်မဆင်နိုင်အောင်သူတို့ကကာရတဲ့ခံစစ်အနေအထားဖြစ်သွားတာ။ သူတို့အနေနဲ့ တိုက်စစ်ဖွင့်လိုတဲ့အနေအထား။ဒါပေမယ့် သူတို့လမ်းတဝက်မှာဖြတ်တိုက်ခံရတယ်။  စစ်ကောင်စီက တိုက်စစ်ပြင်ပေမယ့် ခံစစ်အနေအထားကိုရောက်သွားတဲ့သဘောပဲ။ တိုက်စစ်နဲ့ ခံစစ်ဆိုရင်တော့ ရေရှည်အင်အားသုံးပြီးတော့တိုက်မယ်ဆိုရင် ခံစစ်ပြင်တဲ့ လူဖက်က ရှုံးရတဲ့သဘောရှိပါတယ်။ စစ်ကောင်စီအတွက် တိုက်စစ်ပုံစံ ဘယ်လိုမှမမြင်ရသေးပါဟုပြောသည်။

 အဆိုပါတိုင်းသုံးတိုင်းတွင် စစ်ကောင်စီသည် တိုက်စစ်အဖြစ်ပြင်ဆင်ခဲ့သော်လည်AA နှင့်ပူးပေါင်းတပ်များကြောင့် ခံစစ်အနေအထားသို့သာရောက်ရှိသွားခဲ့ပြီး တိုက်ပွဲတွင် ခံစစ်သည် ရှုံးနိမ့်သည့်သဘောရှိကြောင်း ဗိုလ်ကြီးဇင်ယော်က ထောက်ပြ ပြောဆိုခဲ့သည်။

လက်ရှိတိုက်ပွဲများမှာ ပဲခူးတိုင်းဘက်တွင် ရိုးအစပ် တောင်ပုံကြီး၊ မိုးထိရောက်လာပြီးမကွေးတိုင်းတွင် နတ်ရေကန်အထိနီးကပ်လာပြီဟုဆိုသည်။ စစ်ကောင်စီက ဆုံးရှုံးသွားသော စစ်စခန်းများကို ပြန်လည် ထိုးစစ်ဆင်သော်လည်း တိုက်မနိုင်တော့၍ အနီးအနားရှိ ကာကွယ်ရေး ပစ္စည်းများထုတ်လုပ်သည့် (ကပစ) စက်ရုံများ မကျစေရန် ခုခံနေရသည့် အနေအထားသို့ ရောက်ရှိသွားပြီဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။

လက်ရှိမှာ  AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ထိုးစစ်က ပဲခူးတိုင်းအစ အစပ်အကြားရှိ စစ်ကောင်စီကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)သို့ ရောက်ရှိမှာကို စိုးရိမ်ပြီး စစ်ကောင်စီက ရိုးပေါ်မှာ ခံစစ်အကြီးအကျယ်ပြင်ဆင်နေရတယ်ဟု ပြောသည်။

ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် ဧရာဝတီတိုင်းတို့ရှိ နယ်စပ်မြို့များကို AA က ခြေကုတ်ယူကာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်းပြီး တဆင့်ပြီးတဆင့်ခုန်တက်လာသော ဗျူဟာကို အသုံးပြုနေကြောင်း ဗိုလ်ကြီးဇင်ယော်က ပြောသည်။

စစ်ရေးဗျူအရပေါ့နော်။ရခိုင်သားတွေက ရခိုင်မြေမှာကျွမ်းတယ်။ အခုပြည်မဘက်ကို တက်လာတယ်ပေါ့နော်။ဧရာဝတီရော၊ ပဲခူးရော၊ မကွေးမှာရောအဓိကနယ်မြေခံပါမှ စစ်ပွဲစ်ပွဲကတိုက်နိုင်တာပေါ့ပိုပြီးတော့။ မြေကိုပိုင်မှ စစ်နိုင်တယ်ဆိုတာဒါစစ်တိုက်တဲ့နေရာတွေကျွမ်းကျင်တာ အဓိကပါတယ်။ ဒါကြောင့်မို့ ဒေသခံ PDF အဖွဲ့တွေနဲ့တိုက်စစ်ဆင်လာတဲ့အနေအထားရှိပါတယ်။ရခိုင်က အမ်းမြို့ဆိုရင်၊ မကွေးနဲ့နယ်စပ် ဂွမြို့ဆိုရင်လည်းဧရာဝတီနဲ့နယ်စပ်ပေါ့။ တောင်ကုတ်ဆိုရင်လည်း ပဲခူးနဲ့နယ်စပ်၊အဲဒီနယ်စပ်မြို့တွေက ခြေကုတ်ယူပြီးကာမှ ဒေသခံ PDF အဖွဲ့တွေနဲ့ပူးပေါင်းပြီးရှေ့ဆက်တိုးမယ့် စစ်နည်းဗျူဟာလို့ပြောရမှာပေါ့။ဖားခုန်စနစ်နဲ့----- သွားနေတဲ့အနေအထားလို့ ပြောရမှာဖြစ်ပါတယ်ဟုပြောသည်။

တောင်ကုတ်မြို့နယ်၊ ရိုးပေါ်အဆုံးနှင့် ပဲခူးတိုင်းအစအစပ်အကြားရှိ ရိုးပေါ်တိုက်ပွဲတွင်AA ဦးဆောင်သည့်တော်လှန်ရေးတပ်ဖွဲ့၏ထိုးစစ်သည် စစ်ကောင်စီထိန်းချုပ်ထားသည့် ဥသျှစ်ပင်၊ ပြည်မြို့နယ်ဖက်ရှိကပစ စက်ရုံများသို့ရောက်လာနိုင်ကြောင်း စစ်ရေးကျွမ်းကျင်သူများထံမှ သိရသည်။

ထို့အပြင် ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းတစ်ခုကို AA နှင့်ပူးပေါင်းတပ်များကယခုရက်ပိုင်းအတွင်း ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်အရာရှိနှင့်တပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်နှင့်နယ်နိမိတ်ထိစပ်နေသည့် ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် ဧရာဝတီတိုင်း အစပ်ရှိစစ်ကောင်စီတပ်နှင့် AA တို့ကြား တိုက်ပွဲများရှိနေကြောင်း ဇန်နဝါရီ ၂၁ရက်တွင် AA က သတင်းထုတ်ပြန်ထားသည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.