Preview

AA က စစ်တွေမှ စစ်ကောင်စီစခန်းတချို့ကို တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်

သဉ္ဇာနွယ် | ဖေဖော်ဝါရီ ၁၂/ ၂၀၂၅ | ကြည့်ရှုသူ :4410
ရခိုင် သတင်း

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၂/၂၀၂၅

ရခိုင်ပြည်၊ စစ်တွေမြို့နယ်မှအနည်းဆုံး စစ်ကောင်စီတပ်စခန်း ၅ ခုကို အာရက္ခတပ်တော်(AA) တစ်ပြိုက်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု  သတင်းရရှိသည်။

၎င်းစခန်းများအထဲတွင်စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာနှင့်၎င်းကျေးရွာ တဖက်တကမ်းရှိ ကျားမသောက်၊ အမြင့်ကျွန်း၊ ပါဒလိတ်၊ ရေချမ်းပြင်စသည့် နေရာများပါဝင်သည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

" မနေ့က ဖေဖော်ဝါရီ ၁၁ရက်နေ့ည ၉နာရီခန့်မှာအေအေက တစ်ပြိုင်နက်တည်းစတင်ထိုးစစ်ဆင်တိုက်ခိုက်တာ။ ကျေးရွာတွေမှာရှိနေတဲ့ စစ်ကောင်စီစခန်းတွေနဲ့ဂိတ်တွေကိုAAကထိုးစစ်စတင်ဆင်နေတာ။ တပြိုင်တည်းတိုက်နေတာပါ။  လက်နက်သံတွေက ဆူညံနေတယ်။ အပြန်အလှန်ပစ်နေကြတယ် " ဟု ပြောသည်။

ယင်းအပြင် ယနေ့ ဖေဖော်ဝါရီ ၁၂ရက်နေ့ နံနက်ပိုင်းအထိ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှုများရှိနေသေးပြီး စစ်တွေအခြေစိုက် စစ်ကောင်စီ တပ်ရင်းများ၊ စစ်တွေ့မြို့ပတ်လည်ရှိ မြစ်ပြင်မှ နေဗီများမှ တိုက်ပွဲဖြစ်ပွားနေသည့်အနီးအနားကျေးရွာများဖက်သို့ လက်နက်ကြီးများဖြင့် အဆက်မပြတ်လှမ်းပစ်မှုများရှိနေသည်ဟု၎င်းက ဆက်လက်ပြောသည်။

" ဒီမနက်အထိ လက်နက်ကြီး အပြန်အလှန်ပစ်ခဲ့တာရှိတယ်။ စစ်ကောင်စီဖက်ကပိုပစ်တယ်" ဟု ၎င်းကပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိမှုရှိပြီး  စစ်တပ်ဆေးရုံသို့ကားများဖြင့် ပို့ဆောင်ထားရသည်ဟု ဒေသခံစစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက နိရဉ္စရာကိုပြောသည်။

" ရေချမ်းပြင်ကားလမ်းမှာရှိတဲ့ စစ်တပ်ဆေးရုံကိုကားတွေနဲ့ ပို့ဆောင်နေတယ်။ဘယ်နှစ်ယောက်ထိခိုက်လည်းဆိုတာတိတိကျကျ မသိရဘူး" ဟု ပြောသည်။

ဖေဖော်ဝါရီ ၇ရက်နေ့ ညမှ စ၍ အာရက္ခတပ်တော် (AA)မှ  စစ်တွေအခြေစိုက်  စစ်ကောင်စီ တပ်တပ်ရင်းများ၊ စခန်းများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီးနောက် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများ ရှိခဲ့သည်ဟု သိရသည်။  

ယင်းနောက်ပိုင်း တိုက်ပွဲမှာ ခေတ္တရပ်သွားပြီး ယမန်နေ့ကမှစ၍ အာရက္ခတပ် တော် (AA)မှ စစ်ကောင်စီစခန်းနှင့်ဂိတ်တချို့ကို  ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက် လာခြင်းဖြစ်ကြောင်း သိရသည်။

#စစ်ရေး#ထိုးစစ်ဆင်တိုက်ခိုက်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.