Preview

မောင်တောမွတ်ဆလင်ကျေးရွာ၊ရပ်ကွက်များမှမိုင်းအလုံး ၃၀ ကျော်ကိုAA ဖယ်ရှားရှင်းလင်းနိုင်ခဲ့

နောင်မင်းသူ | ဖေဖော်ဝါရီ ၁၂/ ၂၀၂၅ | ကြည့်ရှုသူ :1160
ရခိုင် သတင်း

နောင်မင်းသူ နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၂ /၂၀၂၅

မိုင်းပေါက်ကွဲမှုဆက်တိုက်ဖြစ်ပွားပြီးသေဆုံးဒဏ်ရာရရှိမှုများရှိနေသည့်မောင်တောမြို့‌ အနီးရှိ ရွှေဇားဂုံးနားရွာအပါအဝင် မွတ်ဆလင်များနေထိုင်သည့် ကျေးရွာ၊ရပ်ကွက်များအားအာရက္ခတပ်တော် (AA)က ယခုရက်ပိုင်းအတွင်မိုင်းရှင်းလင်းမှုများပြုလုပ်နေရာအနည်းဆုံးမိုင်းအလုံး ၃၀ကျော်ကိုဖယ်ရှား ရှင်းလင်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီထောင်ထားခဲ့သည့် ရွှေဇားဂုံးနားရွာ၌ မိုင်းပေါက်ကွဲမူ‌များဆက်တိုက်ဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီလ ဒုတိယအပတ်မှ စပြီး အာရက္ခတပ်တော် AA မှ အဆိုပါကျေးရွာများတွင်မိုင်းရှင်းလင်းမှုပြုလုပ်နေကြောင်း ဒေသခံများက ပြောကြားသည်။

" မောင်တောမြို့ အနီးက မွတ်ဆလင်ရွာတွေကို AAဖက်က ဇန်နဝါရီ ၂၅ ရက်နေ့က စပြီးဝင်ခွင့်ြုခဲ့တာ။ ဇန်နဝါရီ  ၂၉ ရက် နေ့ ကစပြီး ရွှေဇားဂုံးနားရွာမှာမိုင်းပေါက်ကွဲမူ ၄ ကြိမ်ဖြစ်ပွားခဲ့တယ်။ ကလေးတစ်ဦးသေဆုံးတယ်။ ၄ ဦးအထိခြေပြတ်ဒဏ်ရာရရှိခဲ့ကြတယ်။ ဖေဖော်ဝါရီ ၁၀ ရက်နေ့ မှာ AA ဖက်က ဂုံးနားရွာအပါအဝင် မွတ်ဆလင်တွေ ကိုဝင်ခွင့်ပြုထားတဲ့ ကျေးရွာတွေနဲ့ ရပ်ကွက်တွေကို မိုင်းရှင်းလင်း‌ ရေးစလုပ်နေတယ်။ လက်ရှိအချိန်အထိမြေမြုတ် မိုင်းအလုံး ၃၀ ကျော်ရရှိထားတယ်လို့သိရတယ်” ဟု ဒေသခံ တစ်ဦးက ပြောကြားသည်။

အရက္ခတပ်တော် AA မှ မိုင်းအများဆုံး ပေါက်ကွဲမူဖြစ်ပွါးနေသည့် မောင်တောမြို့အနီးရှိရွှေဇားကျေးရွာအုပ်စု ဂုံးနား ကျေးရွာအပါအဝင် ကမ်းပိုင်းနား၊ကပ်ဘေး၊စေတီပြင်

ကျေးရွာများအပြင် လသာရပ်ကွက်၊အီတာလျာ‌ကျေးရွာများရှိ လူနေအိမ်ခြံများ၊လမ်းဘေးဝဲယာများအား မိုင်းရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ် ထောင်ထားခဲ့သည့်မြေမြုပ်မိုင်းအလုံး ၃၀ ကျော် ရှင်းလင်းနိုင်ခဲ့ကြတာလည်းဖြစ်သည်။

ပြီးခဲ့သည့်ဇန်နဝါရီ ၂၉ ရက် နေ့ မှ ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ ရွှေဇားဂုံးနားရွာ၌မြေမြှုပ်မိုင်းပေါက်ကွဲမှု ၄ ကြိမ်ဖြစ်ပွါးခဲ့ပြီး ကျေးရွာသား ၄ဦးအပြင်းအထန်ဒဏ်ရာရရှိကာ ကလေး ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထိုအတူ၂၀၂၅ဖေဖော်ဝါရီလ ၈ ရက်နေ့ ၊ နေ့လယ်၂ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် (၃) မိုင်ဝေသာလီရပ်ကွက် ရှိ မူလတန်းကျောင်းအရှေ့ဘက် ကျန်းမာရေးဆေးခန့် ခြံဝင်းအားသန့်ရှင်းရေး လုပ်နေစဥ် စစ်ကောင်စီ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းနင်းမိ၍ အမျိုးတစ်ဦးညာဘက်  ခြေထောက်နှင့် မျက်စိပြင်းထန်ဒဏ်ရာရရှိသွားခဲ့ရကြောင်းဒေသခံများထံမှသိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် အာရက္ခတပ်တော် AA မှ မောင်တောမြို့နယ်တစ်ခုလုံးအား အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး မိုင်းရှင်းလင်းရေးများအကြိမ်များစွာပြုလုပ်‌ခဲ့ပေမယ့် အရပ်သားပြည်သူများမြေမြုပ်မိုင်း၊စစ်ကျန်လက်နက်များကြောင့် သေဆုံးဒဏ်ရာရမှုများရှိနေခဲ့ကြသည်။

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.