Preview

AAထိန်းချုပ်ရာ မြောက်ဦးဒေသ၌ အစ္စလာမ်ကျမ်းမြတ်ကုရ်အာန်အာဂုံဆောင် ဘွဲ့လက်မှတ်အပ်နှင်းသည့် ဂျလ်ဆာပွဲအခမ်းအနားကျင်းပ

နောင်မင်းသူ | ဖေဖော်ဝါရီ ၁၅/ ၂၀၂၅ | ကြည့်ရှုသူ :1267
ရခိုင် သတင်း

နောင်မင်းသူ နိရဉ္စရာ၊ ဖေဖော်ဝါရီ၁၅/ ၂၀၂၅

အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်၊ မြောက်ဦးဒေသ၌ အစ္စလာမ် ကျမ်းမြတ်ကုရ်အာန်အာဂုံဆောင် ဘွဲ့လက်မှတ်ပေးအပ်နှင်းသည့် "ဂျလ်ဆာ"ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။

ထိုအစ္စလာမ် ကျမ်းမြတ် ကုရ်အာန်အာဂုံဆောင်ဘွဲ့လက်မှတ်ပေးအပ်နှင်းသည့် "ဂျလ်ဆာ"ပွဲအခမ်းအနားအား၂၀၂၅ ခုနှစ်၊ဖေဖော်ဝါရီ ပထမပတ်၌ မြောက်ဦးမြို့နယ်အတွင်း ကျင်းပပြုလုပ်ခဲ့ရာ အာရက္ခတပ်တော်မှ တာဝန်ရှိသူများတက်ရောက် ချီးမြှင့်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ကျမ်းမြတ်ကုရ်အာန်အာဂုံဆောင်နိုင်သူများ၊ဘာသာရေး ခေါင်းဆောင်များ၊ မွတ်ဆလင်ကျေးရွာလူကြီးများ၊ အရပ်သားများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိုအတူ ဖေဖော်ဝါရီလ ၁၄ရက်နေ့ ၌ အစ္စလာမ်ဘာသာဝင်များ၏  ရာမဒန်ဥပုသ်လ မတိုင်မီနှစ်ပတ်အလို ကျင်းပသည့် (ရှာဗေဘရသ်)ဝတ်ပြုညအတွက်လည်း AA ဘက် လုံခြုံရေးအပါအဝင် လိုအပ်ချက်များအားအပြည့်အဝတာဝန်ယူပေးခဲ့ကြောင်း မောင်တောမြို့နယ်မွတ်ဆလင်ကျေးရွာ တာဝန်ခံများထံမှသိရသည်။

blob
             အခမ်းအနားတက်ရောက်လာကြသူများနှင့် အေအေတပ်ဖွဲ့တာဝန်ရှိသူများ











“ကျွန်တော်တို့ ဘာသာရေး ပွဲတော်ကို လွတ်လပ်စွာကျင်းပခွင့်ရတဲ့အပြင် အေအေက လုံခြုံရေး ယူပေးပါတယ်။ လိုအပ်ချက်တွေလည်း အပြည့်အ၀ တာဝန်ယူပေးပါတယ်”ဟု ပြောသည်။

ကျောက်တော်မြို့နယ်ထဲရှိ မွတ်ဆလင်ကျေးရွာများတွင်လည်းအစ္စလာမ်ဘာသာဝင်များ၏ဘာသာရေးပွဲလန်းများကိုAA ဘက်ကခွင့်ပြုသည်သာမက ဗလီဝတ်ကျောင်းများတွင်ညအိပ်ညနေ ဘာသာရေးအစီအစဉ်တွေကို ခွင့်ပြုထားသည်ဟု သိရသည်။

၎င်းပြင်မောင်တောမြို့တွင်လည်းဟိန္ဒူဘာသာဝင်များ၏ ရာမပွဲတော်အားAA က ကျင်းပခွင့်ပြုပြီး လုံခြုံရေးများ စီစဉ်ဆောင်ရွက်ပေးခဲ့သည်ဟု မောင်တောမြို့ခံ ဟိန္ဒူအသိုင်းအဝိုင်းထံမှသိရသည်။

 ၎င်းရာမပွဲတော်အားဖေဖော်ဝါရီလ ၁၀ရက် နေ့ မှ၁၂ရက်နေ့အထိ ရခိုင်ပြည် လွတ်‌မြာက်နယ်‌ မြေများရှိ ဟိန္ဒူဘုရားကျောင်းများ၌ စည်ကားစွာ ကျင်းပနိုင်ခဲ့ကြပြီး AA ကလုံခြုံရေးအပြင် ပွဲတော်အတွက် လိုအပ်ချက်များအားအပြည့်အဝပံ့ပိုးပေးခဲ့သည်ဟုသိရသည်။  

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.