သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၈/၂၀၂၅
ရခိုင်ပြည်၊ပေါက်တောမြို့နယ်မှသဲခုံရွာနှင့် ငပြီကျွန်းရွာကို ယမန်နေ့ဖေဖော်ဝါရီ ၁၇ ရက်နေ့က ည၈ နာရီနှင့်၉နာရီကြားတွင်စစ်ကောင်စီမှဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးဖြင့် ဗုံး ၃ လုံး ကြဲချခဲ့သည်ဟု ပေါက်တောဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
" စစ်တွေတဖက်ကမ်း သဲခုံရွာ ပေါင်၅၀၀ တစ်လုံးချတယ်။ ပေါက် တော ငပြီကျွန်းပေါင်၅၀၀နှစ်လုံးချခဲ့တယ်။အဆက်အသွယ်မရတဲ့အတွက်ထိခိုက်ပျက်စီးမှုတော့ မသိရသေးဘူး။ထိခိုက်မှုတော့ရှိနိုင်တယ်" ဟု ပြောသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ညအချိန်က စစ်တွေမြို့နယ်နှင့် ပေါက်တောမြို့နယ်က နေရာအချို့ကို စစ်ကောင်စီလေတပ်က ဗုံးကြဲမှုများရှိခဲ့ပြီး အထိအခိုက်အပျက်အစီးများကိုတော့ ယနေ့ နံနက်ထိ မသိရှိရသေးပါ။
စစ်တွေမြို့နယ်တွင်စစ်ကောင်စီ၏ အရေးပါသည့်စခန်းဂိတ်များ AAထံ ဟောင်ဝှစ်ဇာဖြင့်ပစ်ခတ်ခံခဲ့ရပြီးနောက်ညအချိန်တွင် တိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသည့် ပေါက်တောမြို့ကိုဗုံးလာကြဲခြင်းဖြစ်သည်ပြီး ဟု စစ်တွေဒေသခံအမျိုးသားတစ်ဦးကနိရဉ္စရာကိုပြောသည်။
" စစ်တွေမှာဖြစ်ရင်စစ်တွေနဲ့အနီးဆုံးမြို့နယ်က လူတွေလည်း သတိထားသင့်ပါတယ်။သူတို့စခန်းတွေသူတိူ့လူတွေ အထိနာလာရင် ပြည်သူကိုအဓိကပစ်မှတ်ထားနိုင်တယ်။မနေ့ကသူတို့စခန်း တွေ အထိနာ နေတော့ အခုလို တိုက်ပွဲနဲ့မသက်ဆိုင်ဘဒမြို့ကိုဗုံးလာကြဲတာ ။ ဒါကြောင့် စစ်တွေနဲ့နီးစပ်တဲ့မြို့ တွေက လူတွေအမြန်ဆုံး ဘေးကင်းနိုင်မယ့် နေရာကိုပြောင်းရွေ့သင့်တယ်"ဟုပြောသည်။
ယမန်နေ့ကဗုံးကြဲမှုဖြစ်စဉ်အတွင်း ရခိုင်ပြည်သူများ အထိအခိုက် ရှိ/ မရှိကို အသေးစိတ်သိရှိနိုင်ရန် နိရဉ္စရာမှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
ဓာတ်ပုံ- ကျောက်တော်မြို့နယ်နန်းတက်ရွာတွင် ပေါင် ၅၀၀ဗုံးကြဲချခံခဲ့ရသည့်နေရာ။