Preview

မောင်တောမြို့နယ်မြောက်ပိုင်းမဲဒီကျေးရွာဟောင်းရှိ ARSA စခန်းအချို့အား AA က တိုက်ခိုက်ရှင်းလင်း

နောင်မင်းသူ | ဖေဖော်ဝါရီ ၂၄/ ၂၀၂၅ | ကြည့်ရှုသူ :7477
ရခိုင် သတင်း

နောင်မင်းသူ၊နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၄ /၂၀၂၅

ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း ရခိုင်-ဘင်္ဂလာနယ်စပ်၊တောင်ပြိုလက်ဝဲ၊ နံ့သာတောင်(ရခိုင်)ကျေးရွာအနီးရှိကွမ်းသီးပင်ကျေးရွာအုပ်စု မဲဒီ (မွတ်ဆလင်)ကျေးရွာဟောင်း၌စခန်းချနေသည့်အာဆာ (ARSA) အကြမ်းဖက်အဖွဲ့၏စခန်းအချို့အား အာရက္ခတပ်တော်(AA)ကရှာဖွေရှင်းလင်းခဲ့သည်ဟုသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

"အခုဖေဖော်ဝါရီလအတွင်းမှာAA ဖက်ကအာဆာအကြမ်းဖက်စခန်းတွေကိုပိုက်စိပ်တိုက်လိုက်ရှာပြီး ရှင်းလင်းခဲ့ကြတယ်။နံ့သာတောင်ကျေးရွာအနီးကကွမ်းသီးပင်ကျေးရွာအုပ်စု မဲဒီမွတ်ဆလင်ကျေးရွာက အာဆာစခန်းအချို့ကိုရှာဖွေပြီးရှင်းလင်းနိုင်ခဲ့ကြတယ်"ဟု ပြောသည်။

၎င်းစခန်းများအားသတင်းအရအာရက္ခတပ်တော် (AA)ကရှာဖွေပြီးရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရင်းမြစ်ထံမှ သိရသည်။

ဖေဖော်ဝါရီလ၁၉ရက်နှင့် ၂ဝ ရက်တို့တွင် မောင်တောမြို့နယ်မြောက်ပိုင်းမီးတိုက်ကျေးရွာအနီးရှိ ဘင်္ဂလာ-မြန်မာနယ်ခြား မှတ်တိုင် ၃၇အနီး၌ ARSA အကြမ်းဖက်အဖွဲ့အား AA ကတိုက်ခိုက်ရှင်းလင်းခဲ့သည်ဟုမီးတိုက်ဒေသခံများက ပြောသည်။

 

"အာဆာ အကြမ်းဖက်အဖွဲ့ကရခိုင်နဲ့ ဘင်္ဂလာနယ်စပ်တစ်လျှောက်က အေးချမ်းစွာနေထိုင်နေကြတဲ့ မွတ်ဆလင်၊ရခိုင်၊ ဟိန္ဒူကျေးရွာတွေကို အကြမ်းဖက်မှုတွေလုပ်ဖို့ကြိုးစားလာနေတာတွေ့ရတယ်။အဲဒီလို ရခိုင်-ဘင်္ဂလာနယ်စပ်မတည်ငြိမ်ဖို့ မြန်မာစစ်ကောင်စီက အဆာ အဖွဲ့အရာရှိတွေကိုညွှန်ကြားထားတယ်လို့ သိရတယ်"ဟု မွတ်ဆလင်အသိုင်းအဝန်းသတင်းရင်းမြစ်ကပြောဆိုသည်။

ပြီးခဲ့သည့် ၂ဝ၂၄ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်ကလည်း ဘူးသီးတောင်မြိုနယ်၊ ခရုချောင်းမွတ်ဆလင်ကျေးရွာ၏ အနောက်မြောက်ဘက်(၆.၂)ကီလိုမီတာအကွာအဝေး၌ရှိသောတောင်တန်းတွင် အာအဖွဲ့နှင့်တိုက်ပွဲဖြစ်ခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။

ယင်းအချိန်က အဆာတပ်ဖွဲ့ဝင်များအခိုင်အမာစခန်းချနေထိုင်ခဲ့သော နေရာလေးခု၊ စစ်ကောင်စီကတပ်ဆင်ပေးထားသောလက်နက်ခဲယမ်းများအပြင် အာဆာ တပ်ဖွဲ့ဝင်အလောင်းအချို့တို့ကိုလည်းသိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ - ဓာတ်ပုံ -၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း ARSA စခန်းအချို့အား AA က ရှာဖွေ့တွေ့ရှိခဲ့စဉ်။ (Photo - AA Info Desk)

#ARSA#AA
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.