Preview

စစ်တွေ ဝါဘိုကျေးရွာ ဗုံးကြဲခံရ၍ နေအိမ် ၁၀ လုံးခန့်ပျက်စီး

သဉ္ဇာနွယ် | ဖေဖော်ဝါရီ ၂၆/ ၂၀၂၅ | ကြည့်ရှုသူ :2931
ရခိုင် သတင်း

သဉ္ဇာနွယ်- နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၆/၂၀၂၅

ရခိုင်ရိုးရာရက္ကန်းလုပ်ငန်းဖြင့် နာမည်ကျော်ကြားသည့် စစ်တွေမြို့နယ် ဝါဘိုကျေးရွာကို စစ်ကောင်စီလေယာဉ်က ဗုံးကြဲခဲ့တဲ့အတွက် နေအိမ် ၁၀လုံးခန့် ပျက်စီးသွားကြောင်း သတင်းရရှိသည်။

စစ်တွေမြို့နယ်၊ဝါဘိုကျေးရွာကို ယနေ့  ဖေဖော်ဝါရီ  ၂၆ ရက်နေ့ ညနေ ၅နာရီကျော်ခန့်ကစစ်ကောင်စီလေတပ်မှ ပေါင် ၅၀၀  ဗုံးကြဲချခဲ့သည်ဟုစစ်တွေဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။

" ဒီနေ့ စစ်ကောင်စီဖက်က ဗုံးလာကြဲတာ ဝါဘိုရွာထဲကိုတည့်တည့်ကျတယ်။ လူအသေအပျောက်မရှိ။အိမ် ၁၀ဆောင်ပျက်စီးသွားတယ်" ဟု ပြောသည်။

ဝါဘိုကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း တစ်စုံတစ်ရာမရှိဘဲ ဗုံးလာကြဲခြင်းဖြစ်ပြီး ရွာသာများမှာ စစ်ဘေးရှောင်နေကြသဖြင့် လူထိခိုက်မှု တစ်စုံတစ်ရာမရှိဟု သိရသည်။

ဝါဘိုနှင့် မင်းလှ ကျေးရွာဘက်တို့တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ ယခင် နှစ်ဖက် ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားမှုရှိခဲ့သော်လည်း စစ်ကောင်စီတပ်များ ဆုတ်သွားပြီးနောက် မကြာခဏ လေကြောင်းက​နေ အဆိုပါ ကျေးရွာများကို တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု စစ်တွေဒေသခံအမျိုးသမီးတစ်ဦးက နိရဉ္စရာ ကိုပြောသည်။

" နှစ်ဖက် တိုက်ပွဲရပ်တန့်ပေမယ့် ဗုံးမကြာမကြာလာကြဲတယ်။ စစ်တွေမြို့ပြင်တိုက်ပွဲဖြစ်နေတဲ့ နေရာတွေကိုပါ။ ဒါ့ပြင် ပေါက်တောကိုဗုံးကြဲပြီးနောက်နေ့ ပုဏ္ဏားကျွန်းဖက်ကိုလည်းကြဲတယ်။ အမြင့်ကျွန်းဖက်ကိုလည်းကြဲတာမျိုးရှိတယ်" ဟု ပြောသည်။

၎င်းပြင်စစ်တွေဇော်မဒက်ကျေးရွာမှာ အခြေစိုက်စခန်းချထားတဲ့ စစ်ကောင်စီတပ်ကနေ လက်နက်ကြီးအလုံး ၂၀လောက်ပစ်ခတ်ခဲ့တဲ့အတွက် မင်းလှကျေးရွာက လူနေအိမ် ၁၀ လုံး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သတင်းရရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ရက်နေ့ကလည်း စစ်တွေမြို့နယ်၊ မင်းလှ(ခေါ်) မီးလောင်ချောင်းကျေးရွာကို  စစ်ကောင်စီအခြေစိုက်တပ်ရင်းမှ လက်နက်ကျည်ပစ်ခတ်ခဲ့သည့် အတွက် လူနေအိမ် (၁၀)ဆောင်ခန့်ပျက်စီးခဲ့ရသည်။

စစ်တွေမြို့ရှိ ဒကစဌာနချုပ်အပါအဝင် စစ်ကောင်စီ၏အရေးပါသည့်တပ်စခန်းတချို့ကို အာရက္ခတပ်တော် (AA)က စစ်ကောင်စီထံက သိမ်းဆည်းရမိထားသည့် ဟောင်ဝှစ်ဇာအပါအဝင်အမြောက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

ယင်းသို့ပစ်ခတ်ခဲ့ပြီးဖေဖော်ဝါရီ ၂၀ရက်နေ့က ပေါက်တောမြို့နယ် ကျွန်းသုံးကျွန်းမှ ရွာ ၈ရွာခန့်ကို စစ်ကောင်စီမှ ဗုံးအလုံး ၃၀နီးပါးလာကြဲချခဲ့၍ ၄ ဦး သေဆုံးကာ  ၁၇ဦးဒဏ်ရာရခဲ့သည်။

စစ်တွေတွင် AAနှင့် စစ်ကောင်စီတပ် တိုက်ပွဲများ ရပ်တန့်နေသော်လည်း ကျောက်ဖြူမြို့အနီးဝန်းကျင်တွင် တိုက်ပွဲများ ရံဖန်ရံခါဖြစ်ပွားနေပြီးဗုံးကြဲခံရမှုများလည်းရှိကြောင်းသိရသည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.