Preview

AA ၏ အရေးကြီးသည့် စစ်ရေးပစ်မှတ်ဖြစ်သည့် စစ်တွေကို အိန္ဒိယ အနီးကပ်စောင့်ကြည့်နေ

ခိုင်လူလှ (ရိုးမမြေ) | မတ် ၂၅/ ၂၀၂၅ | ကြည့်ရှုသူ :6369
ရခိုင် သတင်း

နိရဉ္စရာ၊ မတ် ၂၅/ ၂၀၂၅

အာရက္ခတပ်တော် ( AA)၏ အရေးကြီးသော စစ်ရေးပစ်မှတ်တစ်ခုဖြစ်သည့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့၏ အခြေအနေအပေါ် အိန္ဒိယက အနီးကပ်စောင့်ကြည့်နေကြောင်း India.com တွင် သတင်းဖော်ပြသည်။

အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီးJoel 'JB' Vowellနှင့် အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏မြို့တော် ဒါကာမြို့သို့မတ် (၂၄) ရက်ညပိုင်းတွင်ရောက်ရှိလာခဲ့သည့်သတင်းထဲတွင် စစ်တွေ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေအား အိန္ဒိယက အနီးကပ်စောင့်ကြည့်နေကြောင်း ဖော်ပြထားခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့သည် အာရက္ခတပ်တော်(AA) အတွက် အရေးကြီးသော စစ်ရေးပစ်မှတ်ဖြစ်သည်ဟုဆိုသည်။

ထူးခြားသည်မှာ ရခိုင်ဒေသသည် အိန္ဒိယ၏ အမြင်တွင် ပထဝီနိုင်ငံရေးအရ အထူးအရေးပါသောဒေသတစ်ခုဖြစ်ကြောင်း၊ စစ်တွေဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးသည်ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်း (KMTTP) ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ ဤစီမံကိန်းကို အိန္ဒိယနှင့် မြန်မာကြား ကုလားတန်မြစ်ပေါ်တွင် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး အဆောက်အအုံအဖြစ် ဖော်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။

စစ်တွေဆိပ်ကမ်းမှတစ်ဆင့် အိန္ဒိယနိုင်ငံကုန်တွင်းပိုင်းပြည်နယ်များသို့  မီဇိုရမ်ပြည်နယ်ကနေဆက်သွယ်မည့်စီမံကိန်းဖြစ်သည်ဟု ဆိုသည်။

ဤကဲ့သို့အခြေအနေများကြောင့် အိန္ဒိယသည် စစ်တွေမြို့၏ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုများကို အနီးကပ် စောင့်ကြည့်နေကြောင်းဖော်ပြထားသည်။

ဟာဝိုင်အီအခြေစိုက်၊အမေရိကန်ပစိဖိတ် စစ်ဌာနချုပ် (USARPAC) ၏ ဒုတိယကွပ်ကဲရေးမှူးဖြစ်သူဒုဗိုလ်ချုပ်ကြီး Joel 'JB' Vowell ဦးဆောင်ပြီး၊ထိပ်တန်းအရာရှိ(၄)ဦးပါအဖွဲ့သည်ဒါကာမြို့အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မတ်လ(၂၄)ရက်၊ ည (၁၀) နာရီဝန်းကျင်တွင် ရောက်ရှိလာခဲ့ပြီးအာရက္ခတပ်တော် (AA)၏စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် မြို့တို့ကို သိမ်းပိုက်ရန်အတွက်ကြီးမားပြင်းထန်သည့် ထိုးစစ်ကြောင့်ဖြစ်ပေါ်လာနိုင်သည့်ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသနှင့် လုံခြံရေးအခြေအနေများကို ဘင်္ဂလားဒေ့ရှ်စစ်တပ် ထိပ်တန်း စစ်ဘက်ရေးရာ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံတကာသတင်းများတွင်ဖော်ပြသည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.