Preview

မောင်တောတွင် ၁၀ နှစ်အရွယ် မွတ်ဆလင်မိန်းကလေးတစ်ဦး အသတ်ခံရ

နောင်မင်းသူ | ဧပြီ ၀၅/ ၂၀၂၅ | ကြည့်ရှုသူ :2423
ရခိုင် သတင်း

(သတ်ဖြတ်ခဲ့သူနှစ်ဦး ထွက်ပြေးရန်ပြင်နေချိန် AA က အချိန်မီ ဖမ်းဆီးနိုင်ခဲ့)

နောင်မင်းသူ၊ နိရဉ္စရာ၊ ဧပြီ ၅ /၂၀၂၅

ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ၁ဝ နှစ်အရွယ် မွတ်ဆလင်မိန်းကလေးတစ်ဦး အသတ်ခံလိုက်ရသည်ဟု သိရသည်။

အသတ်ခံရသူမှာ မောင်တောမြောက်ပိုင်း သရက်အုပ်မွတ်ဆလင်ကျေးရွာမှ မာမတ်ဂျီယိုရာမန်၏ ၁ဝ နှစ်အရွယ် သမီးဖြစ်သည်။

သူမသည် ဧပြီလ ၂ ရက်၊ ညနေပိုင်းက မုန့်ဝယ်ရန် နေအိမ်မှထွက်သွားရာမှပျောက်ဆုံးသွားခြင်းဖြစ်ပြီး နောက်တစ်နေ့ ဧပြီ ၃ ရက်တွင် သေဆုံးနေသည့်သူမ၏အလောင်းကို ရွာပြင်၌ ရွာသားများက ရှာတွေ့ခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။

"မိန်းကလေးမှာ ဝတ်ထားတဲ့ ရွှေဆွဲကြိုးနဲ့ နားကပ်ကို လိုချင်လို့ ကလေးမလေးကို သတ်လိုက်ကြတာ။ သတ်ပြီး ရွာပြင်မှာစွန့်ပစ်ထားတယ်။ နောက်တစ်နေ့မှ အလောင်းကိုရှာတွေ့ကြတာ"ဟု သရက်အုပ်မွတ်ဆလင်ရွာသားတစ်ဦးက ပြောကြားသည်။

အဆိုပါမိန်းကလေးငယ်အားသတ်ဖြတ်ခဲ့သူများမှာ တစ်ရွာတည်းနေ ဟိဇ်ဘိုလာနှင့် အန်ဆရ်အူလာတို့ ဖြစ်ကြသည်ဟု သိရသည်။

သူတို့နှစ်ဦးသည် ထိုမိန်းကလေး ဝတ်ဆင်ထားသည့် ရွှေဆွဲကြိုးနှင့် ရွှေနားကပ်အား လုယူပြီး လူကို ဓားဖြင့်ထိုးသတ်ကာ အလောင်းအား ရွာအနောက်ဘက်ရှိ လယ်ကွင်းပြင်၌ စွန့်ပစ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

သူတို့နှစ်ဦးသည် ARSA အကြမ်းဖက်အဖွဲ့အား ရိက္ခာထောက်ပံ့ရေးလုပ်ပေးနေသူကြသူများဖြစ်ကြသည်ဟုလည်း ဒေသခံရွာသားများက အတည်ပြုပြောဆိုသည်။

ရွာသားတစ်ဦးက "ဟိဇ်ဘိုလာနဲ့ အာန်ဆရ်အူလာတို့က ARSA အကြမ်းဖက်အဖွဲ့ကို ရိက္ခာ ထောက်ပံ့မှုတွေပြုလုပ်နေတာ။ လူသတ်ပြီး သူတို့အမူအရာတွေပျက်‌နေကြတာ။ ထွက်ပြေးဖို့ ပြင်ဆင်နေတဲ့အချိန်မှာ မိသားစုတွေက AA ကို အကြောင်းကြားခဲ့လို့ အချိန်မီဖမ်းဆီးနိုင်ခဲ့ကြတာ"ဟု ပြောဆိုသည်။

လူသတ်မှုကျူးလွန်သူနှစ်ဦးကို AA က ချုပ်နှောင်ထားပြီး စစ်ဆေးလျက်ရှိနေကြောင်း သိရသည်။

အသတ်ခံခဲ့ရသူ မိန်းကလေးငယ်အား ဧပြီလ ၄ ရက်၊ နံနက်ပိုင်းတွင် အစ္စလာမ်ဓလေ့ထုံးတမ်းစဉ်လာအရ သင်္ဂြိုလ်ခဲ့ကြ‌ကြောင်း မိသားစုဝင်ထံများမှ သိရသည်။

ဓာတ်ပုံ - မောင်တောမြောက်ပိုင်းသို့သွားသည့်လမ်းအား တွေ့ရစဉ်။

---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.