Preview

ပဲခူးတိုင်း ညောင်ကျိုးဗျူဟာစခန်းကို အလုံးစုံသိမ်းပိုက်ရရှိခဲ့ကြောင်း AA သတင်းထုတ်ပြန်

ခိုင်လူလှ (ရိုးမမြေ) | ဧပြီ ၀၅/ ၂၀၂၅ | ကြည့်ရှုသူ :2593
ရခိုင် သတင်း

နိရဉ္စရာ၊ ဧပြီ ၅ / ၂၀၂၅

၂၀၂၅ ခုနှစ်၊ ဧပြီလ (၂)  ရက်နေ့တွင် ပဲခူးတိုင်း၊ ညောင်ကျိုးဗျူဟာစခန်းကုန်းအား အလုံးစုံသိမ်းပိုက်ရရှိခဲ့ကြောင်း အာရက္ခတပ်တော်(AA) မှ ယနေ့ သတင်းထုတ်ပြန်သည်။

၂၀၂၅ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး (၁၆) ရက်ကြာအောင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်းဖော်ပြထားသည်။

AA အနေဖြင့် ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေး နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်၍ရသော အခွင့်အရေးရှိခဲ့သော်လည်း တစ်ဖက်သတ်အပစ်ရပ်ခဲ့သောကြောင့် အဆိုပါနေရာများအား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်မှု မပြုလုပ်‌တော့ဘဲ ထိုးစစ်များကို ရပ်တန့်ကာ မိမိတို့၏ ထုတ်ပြန်ချက်ကို လေးစားလိုက်နာကြောင်း ပြသခဲ့ဟု ဖော်ပြထားသည်။

AA ယနေ့ ထုတ်ပြန်သည့်  “ဖက်ဆစ် စစ်ကောင်စီမှ အာရက္ခတပ်တော်အား ကြည်း၊ ရေ၊ လေဖြင့် နေ့စဉ်ရက်ဆက်တိုက်ခိုက်လျက်ရှိသော တိုက်ပွဲသတင်းများ”    ခေါင်းစဉ်ပါ ထုတ်ပြန်ချက်ထဲမှ သတင်းပါ အကြောင်းအရာများကို ဆက်လက် ဖော်ပြပေးပါမည်။

 

 

#စစ်ရေး#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.