Preview

ကျောက်ဖြူတွင်တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

သဉ္ဇာနွယ် | ဧပြီ ၀၆/ ၂၀၂၅ | ကြည့်ရှုသူ :2422
ရခိုင် သတင်း

သဉ္ဇာနွယ်- နိရဉ္စရာ၊ ဧပြီ ၆/၂၀၂၅

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော်( AA) နှင့် စစ်ကောင်စီတို့ အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်စွာဖြစ်ပွားနေသည်ဟုဒေသခံများကပြောသည်။

ကျောက်ဖြူမြို့ပြင်ဘက်မှာတည်ရှိသည့် အမှတ်(၃၂)ရဲတပ်ရင်းမှ  ယနေ့ ဧပြီ ၆ ရက်နေ့နံနက်ပိုင်းက စစ်ကြောင်းထိုးကာဒရုန်းများဖြင့် အာရက္ခတပ်တော်( AA)ကို စတင်တိုက်ခိုက်လာသဖြင့်နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြကာပြိုင်းစေ့ကေရွာအနီးတွင်  တိုက်ပွဲပြင်းနေသည်ဟုကျောက်ဖြူဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။

" ဒီနေ့မနက်၉နာရီလောက်ကနေစဖြစ်တာ။ သူတို့စစ်တပ်ဖက်က စစ်ကြောင်းထိုးတယ်။ စစ်ကြောင်းထိုးတုန်းဒရုန်းနဲ့အေအေရှိတဲ့ဖက်တွေကိုပစ်ပြီးတက်လာတာ။အေအေဖက်ကလည်းသူတို့ပစ်လို့ပြန်ပစ်တယ်။ အဲ့ဒါနဲ့အပြန်အလှန်တိုက်ပွဲဖြစ်ကြတယ်။ အခု မနက်၁၀နာရီထိဖြစ်နေတုန်း" ဟုပြောသည်။

သစ်ပုတ်တောင်တိုက်နယ်ရှိ ရှောက်ချောင်း၊စည်မော်ဖက်တွင်လည်းဓညဝတီရေတပ်ဌာနချုပ်မှ လည်း အပစ်ခတ်ရပ်ထားချိန်တွင်နေ့စဥ်လိုလိုစစ်ကြောင်းထိုးနေကာ နယ်မြေချဲ့ထွင်နေသဖြင့် တိုက်ပွဲရှိနေသည်ဟုမြေပြင်ဒေသခံတစ်ဦးက နိရဉ္စရာကိုပြောသည်။

" သူတို့ဖက်ကတော့အပစ်မရပ်ဘူး။ ဒရုန်းတွေနဲ့ ဗုံးကြဲတာတွေလုပ်တယ်။ နယ်ချဲ့တယ်။ဒါကြောင့် AA ဖက်က‌ နေ ကိုယ့်ကိုယ်ရန်လုပ်လာတော့ပြန်တိုက်ခိုက်တဲ့သဘောရှိတယ်" ဟု ပြောသည်။

ဂုံးချွိန်တိုက်နယ်၊မလကျွန်းကျေးရွာ တရွာလုံးကိုလည်း စစ်ကောင်စီမှတပ်စွဲနေရာယူထားပြီး ခံစစ်အခိုင်အမာတည်ဆောက်နေကြောင်းဒေသခံများက ပြောသည်။

ကျောက်ဖြူတွင် စစ်ကောင်စီဖက်မှ ဒရုန်းများဖြင့်နေ့စဉ်ပစ်ခတ်ကာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုများလည်း ပြုလုပ်နေကြောင်းသိရသည်။


ပြီးခဲ့သည်ဧပြီ ၄ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်ရှိပြင်ရှည်ကျေးရွာနှင့် ပြိုင်းစေ့ကေ ကျေးရွာအနီးအနားကို ယ စစ်ကောင်စီကစစ်ကြောင်းထိုးလာသဖြင့် အာရက္ခတပ်တော်(AA)နှင့်အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

ဧပြီလ (၃/၄/၅)ရက်နေ့များတွင်လည်း စစ်ကောင်စီသည်  သစ်ပုတ်တောင်ရေတပ်စခန်း၊ ဒိုးတန်းတောင်၊အမှတ် (၃၂) ရဲတပ်ရင်းနှင့် မြေပြင်စစ်ကြောင်းများမှအပြင် စစ်သင်္ဘော၊ဂျက်တိုက်လေယာဉ် များကိုပါအသုံးပြုပြီး ကျောက်ဖြူမြို့နယ်အတွင်းရှိကြတ်တိန် (ကြတ္တိန်)၊ သပြုတောင်၊ ပျားတဲ၊ ပြင်ရှည်၊ လိပ်ခမော်၊ ကုလားဘာ၊ဟင်းခပ်ပြင်ကျေးရွာပတ်ဝန်းကျင်များသို့ လက်နက်ကြီး၊ဒရော့ဗုံးများအပြင် ဂျက်တိုက်လေယာဉ်၊ စစ်သင်္ဘောကြီးများပေါ်မှလည်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း အာရက္ခတပ်တော်(AA)မှ ယမန်နေ့‌ ဧပြီ ၅ရက်နေ့ကထုတ်ပြန်ထားသည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.