Preview

မောင်တောမြို့‌ပေါ်မှမွတ်ဆလင်စစ်ဘေးရှောင်များအားနေရပ်ပြန်ခွင့်ပြု

နောင်မင်းသူ | ဧပြီ ၁၀/ ၂၀၂၅ | ကြည့်ရှုသူ :3242
ရခိုင် သတင်း

(ပျောက်ဆုံးပစ္စည်းများစာရင်းပြုလုပ်ပြီး  AA ထံတိုင်ကြားရန်မှာကြား)

နောင်မင်းသူ၊နိရဉ္စရာ၊ဧပြီ ၉ /၂၀၂၅

မောင်တောတိုက်ပွဲအတွင်းတိမ်းရှောင်ခဲ့ကြသည့်မွတ်ဆလင်စစ်ဘေးရှောင်များအား အာရက္ခတပ်တော်(AA) မှမောင်တောမြို့ပေါ်ရှိ၎င်းတို့၏နေအိမ်များသို့ပြန်လည်နေထိုင်ခွင့်ပြုပေးလိုက်ပြီဟုသတင်းရရှိသည်။

စစ်ဘေးရှောင်ဒေသခံမွတ်ဆလက်တစ်ဦးက" ဧပြီလ၇ရက်နေ့မှာရပ်ကွက်(၁)နဲ့ရပ်ကွက် (၄)ကိုဝင်ရောက်ခွင်ပြုခဲ့ကြတယ်။၈ရက်နေ့မှာရပ်ကွက်(၂)ဝင်ခွင့်ရခဲ့ကြတယ်။လက်ရှိမှာစည်ကားလာနေတယ်။လွတ်လပ်စွာသွားလာလို့လည်းရကြပါတယ်"ဟုပြောကြားသည်။

စစ်ဘေးရှောင်နေချိန်ကာလအတွင်း  နေအိမ်များဖောက်ထွင်းခံရမူများရှိခဲ့ပါကပျောက်ဆုံးပစ္စည်းစာရင်းများနှင့်အတူအာရက္ခပြည်သူတော်လှန်‌ရေးအစိုးရထံတိုင်တန်းဖို့မှာကြားလိုက်ကြောင်းလှဖိုးခေါင်းယာယီဒုက္ခသည်စခန်းမှနေအိမ်ပြန်ခွင့်ရသူမွတ်ဆလင်လူကြီးတစ်ဦးကနိရဉ္စရာသို့ပြောဆိုသည်။

" နေအိမ်တွေဖောက်ခံထားရသူတွေရှိရင်ပျောက်ဆုံးပစ္စည်းစာရင်းတွေပြုစုပြီး AA ထံ တိုင်ကြားပေးကြဖို့တာဝန်ရှိသူတွေမှာကြားလိုက်ကြတယ်။ "ဟုပြောဆိုသည်။

မောင်တောမြို့ပေါ်မွတ်ဆလင်စစ်ဘေးရှောင်အများစုသည်လှဖိုးခေါင်တွင်စစ်ဘေးရှောင်များအဖြစ်ယာယီခိုလှုံခဲ့ကြရပြီး ၂၀၂၅ခုနှစ်ဧပြီလ၁ရက်နေ့မှစပြီးအသုတ်လိုက်နေရပ်ပြန်ရန်အတွက်အာရက္ခတပ်တော်AA ကခွင့်ပြုခဲ့သည်ဟုပြောဆိုသည်။

“ မိသားစုအလိုက်အိမ်ထောင်စုစာရင်းတွေထုတ်ပေးထားသလိုသယ်ယူပို့ဆောင်ရေးအတွက်လည်းဒေသခံမွတ်ဆလင်ရပ်မိရပ်ဖတွေနဲ့AA စစ်ဒေသမှူးတို့မှအတူတကွပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပါတယ်။အခုအေအေတာဝန်ရှိသူတွေကကျွန်တော်တို့အပေါ်မှာဆက်ဆံရေးကောင်းမွန်သလိုလိုအပ်တာတွေကူညီနေတာတွေလည်းရှိပါတယ်”ဟု၎င်းကပြောကြားသည်။

မောင်တောမြို့အတွင်းတိုက်ပွဲကာလ၌မြို့ဒေသခံများစစ်‌ဘေးရှောင်နေခဲ့ကြရစဥ်ဖောက်ထွင်းခိုးယူမူကျူးလွန်သူဒေသခံ၁၀၀ကျော်အားအာရက္ခတပ်တော်AA မှဖမ်းဆီးအရေးယူပြီးထောင်ဒဏ်အသီးသီးချမှတ်ထားကြောင်း‌ဒေသခံများထံမှသိရသည်။

ဓါတ်ပုံ- မောင်တာမြို့ပါ်မှဒေသခံမွတ်ဆလင်များအားတွေ့ရစဉ်။

#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.