Preview

တောင်ကိုးရီးယားနိုင်ငံတွင် ရခိုင်ရိုးရာ နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပာယ်ပွဲ စဉ်လာမပျက် ကျင်းပမည်

မောင်စာဂ | ဧပြီ ၁၂/ ၂၀၂၅ | ကြည့်ရှုသူ :1198
ရခိုင် သတင်း

မောင်စာဂ၊ နိရဉ္စရာ၊ ဧပြီ ၁၂/၂ဝ၂၅

တောင်ကိုးရီးယားနိုင်ငံတွင် ရခိုင်ရိုးရာ နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပာယ်ပွဲကို စဉ်လာမပျက် ကျင်းပသွားမည်ဟု သိရသည်။

သင်္ကြန်အကြိုနေ့ဖြစ်သော မနက်ဖြန် ဧပြီလ ၁၃ ရက်၊ ဒေသစံတော်ချိန် နံနက် ၁ဝ နာရီမှ မွန်းလွဲ ၁၂ နာရီခွဲအထိ တောင်ကိုးရီးယားနိုင်ငံ၊ အင်ချွန်မြို့၊ ဘူဖြောင်းဆမ်ဂေါ်ရီဘူတာအနီးရှိ ဓမ္မယာနသာသနရက္ခိတရခိုင်ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သွားမည်ဟု သိရသည်။

အဆိုပါပွဲကို တောင်ကိုးရီးယားနိုင်ငံရောက် ရခိုင်နှင့် ရခိုင်မျိုးနွယ်စုဝင်များဖွဲ့စည်းထားသည့် ရခိုင်အသင်း (ကိုးရီးယား)က ဦးဆောင်ကျင်းပခြင်းဖြစ်သည်။

blob
ဓာတ်ပုံ - ရခိုင်အသင်း (ကိုးရီးယား)၏ ၂ဝ၂၄ ခုနှစ်သင်္ကြန်တွင် ပြုလုပ်ခဲ့သည့် နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပာယ်ပွဲမြင်ကွင်းများ။

ရခိုင်အသင်း (ကိုးရီးယား)၏ ဗဟိုကော်မတီဝင် ကိုအောင်လွင်က နှစ်ဟောင်းကုန်၍ နှစ်သစ်ကို ကူးသည့် သင်္ကြန်ကာလတွင် နံ့သာသွေးပွဲ၊ ဘုရားရေချိုးပွဲ (ဘုရားရေသပ္ပာယ်ပွဲ)များကို ပြုလုပ်ရခြင်းသည် ရှေးဘိုးဘွားဘီဘင်ကတည်းက ပြုလုပ်လာကြသည့် ရခိုင်တို့၏ ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သလို ရခိုင်တို့၏ ကိုယ်ပိုင်အမျိုးသားရေး လက္ခဏာတစ်ရပ်လည်း ဖြစ်သည်ဟု နိရဉ္စရာကို ပြောသည်။

“ကျနော်တို့ ရခိုင်လူမျိုးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ရခိုင်ပြည်ပြင်ပ ရေခြား၊ မြေခြားကို ရောက်ရှိနေရင်လည်း ကိုယ့်ရခိုင်ရိုးရာ ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရမဲ့ တာဝန်ရှိပါတယ်။ ဒါကြောင့် ကျနော်တို့ ရခိုင်အသင်း (ကိုရီးယား)က ဦးစီးပြီးတော့ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေကြတဲ့ ရခိုင်လူမျိုးတွေနဲ့ ပူးပေါင်းပြီး စဉ်လာမပျက် နှစ်စဉ်နှစ်တိုင်းပြုလုပ်ကျင်းပလာတဲ့ ဒီနံ့သာသွေးပွဲ၊ ဘုရားရေချိုးပွဲ (ဘုရားရေသပ္ပာယ်ပွဲ)ကို ထုံးတမ်းစဉ်လာ ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းတဲ့အနေနဲ့၊ အမျိုးသားရေး လက္ခဏာတစ်ရပ်ကို ထိန်းသိမ်းတဲ့အနေနဲ့ ကျင်းပပြုလုပ်ရတာဖြစ်ပါတယ်”ဟု ပြောသည်။

blob
ဓာတ်ပုံ - ရခိုင်အသင်း (ကိုးရီးယား)၏ ၂ဝ၂၄ ခုနှစ်သင်္ကြန်တွင် ပြုလုပ်ခဲ့သည့် နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပာယ်ပွဲမြင်ကွင်းများ။

အဆိုပါအခမ်းအနားတွင် သံဃာတော်အသျှင်သူမြတ်များကို ပင့်ဖိတ်ပြီး ဆွမ်းနှင့် လှူဖွယ်ဝတ္ထုအစုစုကို ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ပြီး အခမ်းအနားတက်ရောက်လာသူများကိုလည်း ရခိုင်ထမင်း၊ ရခိုင်ဟင်းများဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဟုလည်း သိရသည်။

တောင်ကိုးရီးယားနိုင်ငံတွင် ရခိုင်ရိုးရာ နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပာယ်ပွဲကို ရခိုင်အသင်း (ကိုးရီးယား)က ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်မှစတင်ပြုလုပ်ခဲ့ရာ ယခုနှစ်တွင် (၉)ကြိမ်မြောက်ရှိသွားပြီဖြစ်သည်။

ရခိုင်ရိုးရာသင်္ကြန်ကာလတွင် နံ့သာသွေးပြီး ဘုရားရေသပ္ပာယ်ပြီးမှ အချင်းချင်း ရေပက်ကစားလေ့ရှိကြသည်ဟု သိရသည်။

ဓာတ်ပုံ - ရခိုင်အသင်း (ကိုးရီးယား)၏ ၂ဝ၂၄ ခုနှစ်သင်္ကြန်တွင် ပြုလုပ်ခဲ့သည့် နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပာယ်ပွဲမြင်ကွင်းများ။

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#လူမှုရေးရာ#ရိုးရာယဉ်ကျေးမှု အစဉ်အလာ#သင်္ကြန်ပွဲတော်# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.