Preview

စစ်ကောင်စီက သင်္ကြန်အကြိုနေ့ ရခိုင်အရပ်သားများကိုဦးတည်ဗုံးကြဲတိုက်ခိုက်မှုအပြီး ပြည်သူများသင်္ကြန်ကာလစည်းကမ်းချက်များလိုက်နာကြရန်AA  ထပ်မံနှိုးဆော်

ကံ့ကော်နီနီ | ဧပြီ ၁၃/ ၂၀၂၅ | ကြည့်ရှုသူ :3401
ရခိုင် သတင်း

ကံ့ကော်နီနီ - နိရဥ္စရာ ၊ ဧပြီ၁၃/ ၂၀၂၅

ယနေ့သင်္ကြန်အကြိုနေ့နံနက်ပိုင်းတွင် ကျောက်တော်မြို့မှ ပြည်သူများနေထိုင်ရာရပ်ကွက်ထဲသို့စစ်ကောင်စီဗုံးကြဲတိုက်ခိုက်ပြီးနောက် အာရက္ခပြည်သူ့အစိုးရက သင်္ကြန်ကာလ ပြည်သူများအတွက် ချမှတ်ထားစည်းကမ်းချက်များကို လိုက်နာကြရန်ထပ်မံသတိပေးနှိုးဆော်နေကြောင်း သိရသည်။

ယနေ့ဧပြီလ ၁၃ ရက်မနက်ပိုင်းက ကျောက်တော်မြို့၊ ရွာမရပ်ကွက်မှ ပြည်သူများနေထိုင်ရာနေအိမ်များကို စစ်ကောင်စီကဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့၍ အမျိုးသမီးငယ်၃ ဦးဒဏ်ရာရပြီး နေအိမ် ၅ လုံးထက်မနည်းပြိုပျက်စီးသွားခဲ့သည်။

ထိုသို့ဗုံးကြဲတိုက်ခိုက်မှုအပြီး အာရက္ခပြည်သူ့အစိုးရအုပ်ချုပ်ရေးဌာနက သက်ဆိုင်ရာစစ်ဒေသအသီးသီးတွင် သင်္ကြန်ကာလ ပြည်သူများလိုက်နာရမည့် စည်းကမ်းချက်များကို ထပ်မံ  သတိပေးနှိုးဆော်ခြင်းဖြစ်ကြောင်း လွတ်မြောက်နယ်မြေမှ ပြည်သူတစ်ဦးကပြောသည်။

" သင်္ကြန်ကာလ လိုက်နာရမယ့်စည်းကမ်းတွေကို ထပ်ပြီးတော့ကြေညာပါတယ်။  မလိုက်နာရင် တည်ဆဲဥပဒေအရ အရေးယူမယ်။ပြည်သူတွေဘေးကင်းအောင်ထုတ်ထားတဲ့စည်းကမ်းတွေဖြစ်လို့ ပြည်သူတွေအနေနဲ့လည်း လိုက်နာဖို့လိုတယ်လို့မြင်တယ်" ဟု ပြောသည်။

အာရက္ခပြည်သူ့အစိုးရ အုပ်ချုပ်ရေးဌာနက စည်းကမ်းချက်(၆)ချက်ကို ထပ်မံကြေညာဆော်ဩခြင်းဖြစ်ကြောင်း သိရသည်။

၎င်းစည်းကမ်းချက် (၆) ချက်မှာ…..

(၁)လူအများအပြားစီးနင်းလိုက်ပါသည့်ယာဥ်များဖြင့် မြို့ပေါ်များတွင် လည်ပတ်ပြီး ရေကစားခြင်းမပြုလုပ်ရန်၊

(၂)တစ်မြို့မှတစ်မြို့ တစ်ရွာမှတစ်ရွာ ကားများဖြင့် ကခုန်လှည့်ပတ်ပြီးသွားလာရေကစားခြင်းမပြုလုပ်ရန်၊ လူစုလူဝေးများဖြစ်စေသည့်သကြင်္န်မဏ္ဍပ်များတည်ဆောက်၍ ရေကစားခြင်းမပြုလုပ်ရန်၊

(၃)လူစုလူဝေးဖြစ်စေသော ရှိုးပွဲများမပြုလုပ်ရန်၊

(၄)ဘုန်းကြီးကျောင်းများတွင် သကြင်္န်ကာလဥပုသ်သီလဆောက်တည်ခြင်းနှင့်အလှူအဒါန်းပြုလုပ်ခြင်းများကို လူစုလူဝေးနှင့်မပြုလုပ်ရန်၊

(၅)အလှူပွဲများနှင့် လူစုလူဝေးဖြစ်စေသည့် မည့်သည့်ပွဲလမ်းသဘင်များမှမပြုလုပ်ကြရန်နှင့်

(၆)ပြည်သူလူထုလေကြောင်းအန္တရာယ်သတိထားနိုင်ရန် မြို့ရွာများအတွင်း ဆောင်းဘောက်များဖွင့်ကာဆူညံမှုများမပြုလုပ်ရန်တို့ဖြစ်ကြသည်။

အလှူပွဲများနှင့်လူစုလူဝေးများကို ဦးဆောင်သည့် တာဝန်ရှိသူများကို ဥပဒေအရအရေးယူသွားမည်ဟုလည်း အာရက္ခပြည်သူ့အစိုးရ အုပ်ချုပ်ရေးဌာနက သတိပေးကြေညာသွားခဲ့သည်။

#လူမှုရေးရာ#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.