Preview

ရခိုင်တွင် AA တားမြစ်နေသည့်ကြားမှ ပြည်မထုတ် အရက်ဘီယာမှောင်ခိုဈေးကွက် ဆက်ရှိနေဆဲ

ကြိုင်ဟိန်းလင်း | ဧပြီ ၂၃/ ၂၀၂၅ | ကြည့်ရှုသူ :2522
ရခိုင် သတင်း

(မှောင်ခိုဈေးကွက်တွင် ပြည်မထုတ်အရက်တစ်လုံးလျှင် ကျပ်တစ်သိန်းခန့်အထိ ရှိနေ)

ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ ဧပြီ ၂၃/ ၂၀၂၅

ရခိုင်ပြည်တွင် ပြည်မထုတ် အရက်ဘီယာများ တင်သွင်းရောင်းချခွင့်ကို အာရက္ခတပ်တော်(AA)က အတင်းအကျပ်တားမြစ်ဖမ်းဆီးနေသည့်ကြားမှ မှောင်ခိုဈေးကွက် ဆက်ရှိနေဆဲဖြစ်သည်ဟု သိရသည်။

ရခိုင်ရှိ မှောင်ခိုဈေးကွက်တွင် ပြည်မထုတ် ဂြမ်းရွှေတစ်လုံးကို မြန်မာကျပ်ငွေ ၈၀၀၀၀ ကျပ်၊ ဂြမ်းပြာတစ်လုံးကို ၆၀၀၀၀ ကျပ်၊ ဂြမ်းစမုတ်တစ်လုံးကို ၅၀၀၀၀ ကျပ် ဝန်းကျပ်အထိ ဈေးနှုန်းမြင့်မားလျက်ရှိသည်ဟုလည်း ပြည်သူများက ပြောသည်။

ထို့အပြင် ဘီယာတစ်ဘူးလျှင် ကျပ်ငွေ ၂၀၀၀၀ နှင့် အထက်တွင်ရှိနေသည်ဟုလည်း ဆိုကြသည်။

အဆိုပါဈေးနှုန်းများမှာ မြို့နယ်တစ်ခုနှင့်တစ်ခု ဈေးနှုန်းကွာဟမှုရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့ကလည်း ပြည်မနှင့် နိုင်ငံခြားဖြစ် အရက်ပုလင်း ၁၇၉ လုံးကို ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်သို့ သယ်ဆောင်လာသူတစ်ဦးကို ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သေးသည်။

ရခိုင်ပြည်တွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့မှစတင်ကာ ပြည်မထုတ် အရက်ဘီယာများ ရောင်းချခွင့်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ကန့်သတ်ပိတ်ပင်လိုက်သော်လည်း မှောင်ခိုဈေးကွက်များတွင် ရောင်းချမှုများရှိနေသေးသည်။

ယင်းအပြင် ပြီးခဲ့သည့်သင်္ကြန်ကာလအတွင်းကလည်း ပြည်မထုတ်အရက်ဘီယာများကို ရခိုင်ဒေသအချို့တွင် လူအများစု သောက်သုံးနေကြသည်ကို တွေ့ရှိခဲ့ရသည်ဟု ရခိုင်ပြည်သူများက ပြောဆိုသည်။

လက်ရှိတွင် ပြည်မထုတ်အရက်ဘီယာများအား ရခိုင်ပြည်မှ လူကုန်ထံတစ်ချို့သာ သောက်သုံးနိုင်ကြပြီး အခြေခံလူတန်းစားများမှာ ပြည်တွင်းထုတ် ဆန်အရက်နှင့် အုန်းရည်အရက်ကိုသာ သောက်သုံးမှုများသည်ဟု ပြည်သူများက ဆိုသည်။

blob
ဓာတ်ပုံ - ရခိုင်ဒေသထုတ် ဆန်အရက်များအား တွေ့ရစဉ်။

ရခိုင်တွင် ပြည်မထုတ် ယစ်မျိုးကုန်များအား အာရက္ခပြည်သူ့အစိုးရက ပိတ်ပင်တားဆီးလိုက်ပြီးနောက် ဒေသထုတ် အရက်များလည်း ထုတ်လုပ်ရောင်းချမှု မြင့်မားလာခဲ့သည်။

သို့သော်လည်း ရခိုင်ဒေသထုတ်အရက်များတွင် ကျန်းမာရေးနှင့်မညီညွတ်သည့် ဆေးဝါးရောစပ်မှုများ ပါရှိသည့်အတွက် စွဲမြဲစွာသောက်သုံးလျှင် ကျန်းမားရေးကို ထိခိုက်နိုင်သည်ဟု ရခိုင်လူငယ်တစ်ဦးက ပြောသည်။

"အရက်တစ်လုံးမှာ အရက်ရာခိုင်နှုန်း ဘယ်လောက်ပါသင့်တယ်ဆိုတာကို ဒီကလူတွေက မသိကြဘူး။ နောက်ပြီးတော့ မသောက်သုံးသင့်တဲ့ ဆေးဝါးရောစပ်မှုတွေရှိတယ်လို့လည်း သိရတယ်။ ဒီဟာတွေက ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်"ဟု ပြောသည်။

ရခိုင်ပြည်တွင် ပြည်မထုတ်အရက်ဘီယာများအား တားဆီးလိုက်ခြင်းမှာ ပြည်တွင်းမှငွေများ ပြည်ပသို့ စီးဆင်းခြင်းကို ထိန်းသိမ်းနိုင်သော်လည်း ဒေသထုတ်အရက်များအား ကျန်းမာရေးနှင့် ညီညွတ်ပြီး အဆင့်မြှင့်တင် ထုတ်လုပ်ရန် လိုအပ်သည်ဟုလည်း ပြည်သူများက ပြောဆိုကြသည်။

ဓာတ်ပုံ - AA ၏ အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာနက ရခိုင်တွင် ပြည်မထုတ်အရက်ရောင်းချနေမှုကို စစ်ဆေးနေစဉ်။ (Photo – APM)

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.