Preview

ရခိုင်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့ ဧပြီ ၂၈ ရက်မှ မေ ၃ ရက်အတွင်း မိုးထစ်ချုန်းရွာမည်ဟု မိုး/ဇလထုတ်ပြန်

မောင်စာဂ | ဧပြီ ၂၈/ ၂၀၂၅ | ကြည့်ရှုသူ :708
ရခိုင် သတင်း

မောင်စာဂ၊ နိရဉ္စရာ၊ ဧပြီ ၂၈/၂ဝ၂၅

ရခိုင်ပြည်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် ယနေ့ ဧပြီလ ၂၈ ရက်မှ မေလ ၃ ရက်အတွင်း မိုးထစ်ချုန်းရွာသွန်းမည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ရခိုင်၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်နှင့် ရှမ်းပြည်နယ်အပါအဝင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီစသည့်တိုင်းဒေသကြီးတို့တွင် အဆိုပါရက်များအတွင်း နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မိုး/ဇလ၏ ယမန်နေ့ ဧပြီ ၂၇ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုး/ဇလပညာရှင်ဦးဝင်းနိုင်ကလည်း ဧပြီ ၂၉ ရက်နှင့် ၃၀ ရက်များတွင် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း/အရှေ့ပိုင်း)တို့၌ ၂၄ နာရီအတွင်း မိုးရေချိန် 25mm မှ 30mm(၁ လက်မမှ ၁.၂ လက်မ ခန့်)၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း(ကလေးမြို့နှင့် ရွှေဘိုမြို့)များတွင် ၂၄ နာရီအတွင်း မိုးရေချိန် 20mm အောက်(ဝ.၈ လက်မ အောက်)နှင့် ရခိုင်ပြည်နယ်တွင် ၂၄ နာရီအတွင်း မိုးရေချိန် 10mm အောက်(ဝ.၄ လက်မ အောက်) ရွာနိုင်သည်ဟု သူ၏လူမှုကွန်ရက်တွင် ရေးသားထားသည်။

မိုးများနိုင်မည့်ဒေသမှာ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ဖြစ်ပြီး မေ လ ၃ ရက်နေ့တွင် ၂၄ နာရီအတွင်း မိုးရေချိန် 40 mm အထက်(၁.၆ လက်မ ခန့်)ရွာသွန်းနိုင်သည်ဟုလည်း ဦးဝင်းနိုင်က ဆိုသည်။

အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း ယခုကဲ့သို့ မိုးရွာနိုင်ခြင်းဖြစ်သည်ဟု မိုး/ဇလ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်းများတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မြေပြိုခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုကြရန် မိုး/ဇလက တိုက်တွန်းနှိုးဆော်ထားသည်။

ဓာတ်ပုံ - မိုး/ဇလ
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#မိုးလေဝသ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.