Preview

မောင်တောတွင် ၁၂ နှစ်အရွယ်မိန်းကလေးငယ် အဓမ္မပြုကျင့်ခံရ

နောင်မင်းသူ | ဧပြီ ၂၉/ ၂၀၂၅ | ကြည့်ရှုသူ :3500
ရခိုင် သတင်း

(ပြစ်မှုကျူးလွန်သူကို AA ဖမ်းဆီးထား)

နောင်မင်းသူ၊ နိရဉ္စရာ၊ ဧပြီ ၂၉ / ၂၀၂၅

ရခိုင်ပြည်၊ အနောက်ဖက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းရှိ ချရားတန်းရွာမှ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည် အဓမ္မပြုကျင့်ခံလိုက်ရကြောင်း သိရသည်။

အဆိုပါမိန်းကလေးငယ်အား အသက် ၄၀ အရွယ် ပထွေးဖြစ်သူက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယခုအမှုအားမပေါ်ပေါက်ရန် အဆိုပါမိန်းကလေးငယ်နှင့် ဇနီးဖြစ်သူတို့ကို ခြိမ်းခြောက်ထားသည်ဟု အကြောင်းသိ အိမ်နီးချင်းကျေးရွာသားများထံမှ သိရသည်။

"သူ ဇနီးကို ဒီမုဒိမ်းမှုမပေါ်ပေါက်စေဖို့ခြိမ်းခြောက်ထားခဲ့တာပါ။ ဘေးပတ်ဝန်းကျင်ကသိနေပေမဲ့ အတိအကျလက်ပူးလက်ကျပ်မမိနိုင်တော့ ဘာမှာလုပ်မရခဲ့ဘူး"ဟု ပြောသည်။

လက်ရှိတွင် ရွာသားများက မျက်မြင်သက်သေနှင့်တကွ အာရက္ခတပ်တော်(AA)ထံတိုင်ကြားမှုကြောင့် ကျူးလွန်သူကို ဧပြီလ ၂၇ ရက်၊ နံနက်ပိုင်းတွင် ဖမ်းဆီးသွားခဲ့ကြောင်း မျက်မြင်ဒေသခံများထံမှ သိရသည်။

"ကလေးမလေးက သူ့မယားပါသမီး‌‌လေးပါ။ သူ့မှာလည်း အဲဒီအမျိုးသမီးနဲ့ ရတဲ့ ကလေးသုံးယောက် ရှိတယ်လို့ သိရပါတယ်"ဟု ရွာသားတစ်ဦးက ပြောကြားသည်။

ကျူးလွန်သူကို ထိုက်သင့်သည့်ပြစ်ဒဏ်ပေးရန်လည်း ဒေသခံများက တောင်းဆိုနေကြသည်။

အဆိုပါချရားတန်းရွာတွင် အိမ်ခြေ ၂၀၀ ခန့်ရှိပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့ကိုလုပ်ကိုင်ကြသည်ဟု သိရသည်။

ဓာတ်ပုံ - အင်တာနက်
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#လူမှုရေးရာ#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.