နိရဉ္စရာ၊ ဧပြီ ၃၀/ ၂၀၂၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှဘာသာရေးကို အခြေခံထားသော ပါတီတစ်ခုဖြစ်သည့် ဂျာမတ်-အီ-အစ္စလာမီ (Jamaat-e-Islami Bangladesh-- JLB) ပါတီက ၎င်းတို့ခေါင်းဆောင်တစ်ဦး၏အစောပိုင်းထုတ်ပြန်ချက် တရပ်တွင်ပါရှိသည့်“မြန်မာနိုင်ငံမှရိုဟင်ဂျာအများစုနေထိုင်ရာရခိုင်ဒေသတွင်လွတ်လပ်သောသီးခြားပြည်နယ်တခုတည်ထောင်ရေးကိ
ဂျာမတ်-အီ-အစ္စလာမီပါတီ ဗဟို သတင်းဖြန့်ချီရေးဌာန မှ Mujibul Alam လက်မှတ်ရေးထိုးထားသောကြေငြာချက်အသစ်တွင်ပါတီက၎င်း၏ပါတီခေါင်းဆောင်Nayeb-e-Ameer Syed Abdullah Mohammad Taher သည်“ ဘင်္ဂလား ဒေ့ရှ်တွင်ခိုလှုံခဲ့ကြသောရိုဟင်ဂျာများကိုမိမိတို့နေရပ်သို့ဘေးကင်းလုံခြုံစွာဂုဏ်သိက္ခာရှိရှိပြန်နိုင်ရေး
"ကျွန်တော့်ရဲ့မှတ်ချက်ကနားလည်မှုလွဲမှားစေတယ်ဆိုရင်ဒီထုတ်ပြန်ချက်ကဖြေရှင်းနိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ဒါကဘင်္ဂလားဒေ့ရှ်နိုင်ငံဂျာမတ်-အီ-အစ္စလာမီ ရဲ့ရပ်တည်ချက်ပဲဖြစ်ပါတယ်" ဟု nayeb-e-ameer ကိုကိုးကား၍ ထုတ်ပြန်ချက်ကိုသတင်းစာရှင်းလင်းပွဲတွင် ဖတ်ကြားခဲ့သည်။
မနေ့ညကသီးခြားထုတ်ပြန်ချက်တစ်ခုတွင်၎င်းပါတီက“ရိုဟင်ဂျာအများစုနေထိုင်ရာရခိုင်ဒေသတွင်လွတ်လပ်သောပြည်နယ်တခုတည်ထောင်ရန်” ပါတီကအဆိုပြုခဲ့သည်ဟုပြောဆိုခဲ့ပါသည်။
အစောပိုင်းသတင်းထုတ်ပြန်ချက်မျာ
“ဘင်္ဂလားဒေ့ရှ်မှာရိုဟင်ဂျာ၁၁သိန်းကနေ၁၂သိန်းအထိရှိပြီးလူမဆန်တဲ့အခြေအနေမှာနေထိုင်နေကြရပါတယ်။အစားအသောက်နဲ့အဝတ်အစားတွေပေးဆောင်တာဟာဖြေရှင်းချက်မဟုတ်ပါဘူး။အမြဲတမ်းဖြေရှင်းချက်ကတော့သူတို့ရဲ့မွေးရပ်မြေမှာနေရပ်ပြန်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ဆောင်ပေး
တရုတ်နိုင်ငံသို့အဘယ်ကြောင့်အဆိုပြုတင်သွင်းရခြင်းကိုရှင်းပြရာတွင်“တရုတ်နိုင်ငံဟာမြန်မာနိုင်ငံနှင့်ခိုင်မာသောဆက်ဆံရေးရှိသည့်အတွက်အရေးပါသောအခန်းကဏ္ဍမှပါဝင်နိုင်တဲ့အတွက်ကြောင့် ဖြစ်
တရုတ်ကွန်မြူနစ်ပါတီကိုယ်စားလှယ်အဖွဲ့သည်၎င်းတို့၏အဆိုပြုချက်ကို၎င်းတို့၏အစိုးရထံတင်ပြမည်ဟုအာမခံခဲ့သည်။
ဂျာမတ်-အီ-အစ္စလာမီပါတီမှ ထုတ်ဖော်ပြောဆိုလာသည့်“မြန်မာနိုင်ငံမှရိုဟင်ဂျာအများစုနေထိုင်ရာရခိုင်ဒေသတွင်လွတ်လပ်သောသီးခြားပြည်နယ်တခုတည်ထောင်ရေးကိ
ဂျာမတ်-အီ-အစ္စလာမီပါတီသည် ယခင် အဝါမီလိဂ် အစိုးရလက်ထက်က ဘာသာရေးအစွန်းရောက် ပါတီအဖြစ်သတ်မှတ်ခံခဲ့ရပြီး မတရားအသင်းဖြစ် ကျေညာခံထားခဲ့ရကာ နိုင်ငံရေးလှုပ်ရှားမှုကို ပိတ်ပင်ခံထားခဲ့ရသော ပါတီဖြစ်သည်။ လက်ရှိတွင် အတိုက်အခံပါတီ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ ( BNP) ပြီးလျှင် ဒုတိယအကြီးဆုံးပါတီဖြစ်ကြောင်း သိရသည်။
Source: The Daily Star: “Jamaat clarifies earlier statement on 'independent state' in Arakan”