Preview

ရခိုင်တွင် လေးလအတွင်း စစ်လက်ကျန်လက်နက်များပေါက်ကွဲ၍ အရပ်သား ၁၃ ဦးသေ၊ ၅၃ ဦးဒဏ်ရာရ

စောရှင်မေ | မေ ၀၁/ ၂၀၂၅ | ကြည့်ရှုသူ :2151
ရခိုင် သတင်း

စောရှင်မေ၊ နိရဥ္စရာ၊ မေ ၁/၂၀၂၅

ရခိုင်ပြည်တွင် လေးလအတွင်း စစ်ကျန်လက်နက်များပေါက်ကွဲမှုကြောင့် အရပ်သား ၁၃ ဦးသေဆုံးပြီး ၅၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိရဉ္စရာသတင်းဌာနက ကောက်ယူထားသည့် စစ်တမ်းအရ သိရသည်။

ဇန်နဝါရီလ ၁ ရက်မှ ဧပြီလ ၃၀ ရက်အတွင်း စစ်ကျန်မိုင်းများနှင့် စစ်ကျန်ဗုံးသီးများပေါက်ကွဲ၍ ယခုကဲ့သို့ သေဆုံး၊ ဒဏ်ရာရသွားကြခြင်းဖြစ်သည်။

ဧပြီလအတွင်း နှစ်ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့သလို မတ်လတွင် တစ်ဦးသေဆုံးပြီး ၂ဝ ဦးဒဏ်ရာရရှိခဲ့သည်။

အလားတူ ဖေဖော်ဝါရီလတွင် ရှစ်ဦးသေဆုံးပြီး ၁၉ ဦးဒဏ်ရာရရှိခဲ့သလို ဇန်နဝါရီလတွင်လည်း နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

သေဆုံး၊ ဒဏ်ရာရသူများတွင် အသက်မပြည့်သည့်ကလေးငယ်များနှင့် အမျိုးသမီးများလည်း ပါဝင်သည်။

ဧပြီလအတွင်း စစ်ကျန် ဗုံးသီးပေါက်ကွဲမှုကြောင့် နှစ်ဦးသေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့ကာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ရှစ်ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ယခုလို စစ်လက်ကျန်ပစ္စည်းပေါက်ကွဲမှုကြောင့် အာရက္ခပြည်သူ့အစိုးရက အသိပညာဟောပြောခြင်း၊ စစ်လက်ကျန်ပစ္စည်းများအား ရှင်းလင်းခြင်းများကို အင်တိုက်အားတိုက် ပြုလုပ်နေသလို ပြည်သူများအနေဖြင့်လည်း စစ်ကျန်ပစ္စည်းများနှင့်ပတ်သက်ပြီး တားမြစ်ထားသည့်အရာများကို လိုက်နာရန်လိုအပ်သည်ဟု ရခိုင်လူငယ်တစ်ဦးက ပြောသည်။

"စစ်ကောင်စီတပ်သားတွေ ထွက်ပြေးကြတဲ့အခါ တချို့ လက်ပစ်ဗုံးတွေလို ပစ္စည်းတွေပြုတ်ကျကျန်ခဲ့တာရှိတယ်။ မိုင်းထောင်ထားခဲ့တာတွေလည်း ရှိနိုင်တယ်။ အာရက္ခပြည်သူ့အစိုးရအနေနဲ့လည်း အမြန်ဆုံးမိုင်းရှင်းလင်းရေးတွေလုပ်ပေးဖို့တောင်းဆိုပါတယ်။ နောက်တစ်ခုက စစ်ဘေးရှောင်စခန်းမှာရှိတဲ့လူငယ်တွေ၊ တောင်ယာနဲ့အသက်မွေးကျောင်းပြုနေကြတဲ့သူတွေလည်း မိုင်းနဲ့ စစ်လက်ကျန်အသိပညာပေးပွဲတွေ အများကြီးလိုအပ်နေတာကိုလည်း တွေ့ပါတယ်" ဟုပြောသည်။

ရခိုင်တွင် လေးလအတွင်း စစ်ကျန်မိုင်းနှင့် ဗုံးသီးများပေါက်ကွဲမှုသည် ဂွမြို့နယ်အပါအဝင် ပေါက်တော၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ သံတွဲနှင့် တောင်ကုတ်မြို့နယ်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - အာရက္ခဒေသတွင် AA က မိုင်းရှင်းလင်းရေးပြုလုပ်နေစဥ်

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#မှုခင်း#မိုင်း#စစ်လက်ကျန်ဗုံးပေါက်ကွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.