Preview

မြေပုံတွင် ရှေးဟောင်းဘုရားတစ်ဆူ၏ ရင်အုပ်တော်မှ ကျောက်ဆင်းတုဘုရားတစ်ဆူပေါ်ထွက်လာ

စောရှင်မေ | မေ ၀၁/ ၂၀၂၅ | ကြည့်ရှုသူ :1587
ရခိုင် သတင်း

စောရှင်မေ၊ နိရဥ္စရာ၊ မေ ၁/၂၀၂၅

ရခိုင်ပြည်၊ မြေပုံမြို့ရှိ အငူဓာတ်တော်​ဘုရားရှိ ရှေးဟောင်းဘုရားတစ်ဆူ၏ ရင်အုပ်တော်မှ ကျောက်ဆင်းတုဘုရားတစ်ဆူပေါ်ထွက်လာကြောင်း သိရသည်။

အင်္ဂတေဖြင့်သွန်းလုပ်ထားသည့် ရှေးဟောင်းဘုရားတစ်ဆူ၏ ကိုယ်တော်မှ ဧပြီ ၂၅ ရက်တွင် ရောင်ခြည်တော်များ ကွန့်မြူးလာပြီး အဆိုပါဘုရား၏ ကိုယ်ပေါ်တွင် တဖြည်းဖြည်းအက်ကွဲလာ၍ ပန်းရံဆရာနှင့် ပြန်လည်ပြုပြင်မွမ်းမံရာမှ ၎င်းဘုရား၏ကိုယ်ထဲတွင် ကျောက်ဆင်းတုဘုရားတစ်ဆူအား ဖူးတွေ့ရကြောင်း ဒေသခံများက ပြောသည်။

ကိုယ်တိုင်ဖူးတွေ့ ခဲ့ရသူ ဦးမြတ်ထွန်းက "ရောင်ခြည်တော်က မကြာမကြာထွက်တယ်။ အဲတော့ တဖြည်းဖြည်းနဲ့ ဘုရားကိုယ်ပေါ်က အက်ကွဲလာတာကို ပန်းရံဆရာနဲ့ မွမ်းမံတာပေါ့။ အက်ကွဲနေတဲ့နေရာတဝိုက် လက်နဲ့ခေါက်ကြည့်တော့ အသံတစ်မျိုးမြည်တယ်။ အဲနေရာက ကျောက်ဆင်းဘုရားတစ်ဆူပေါ်လာတာပါ"ဟု ပြောသည်။

ထွက်ပေါ်လာသည့် ကျောက်ဆင်းတုကို အပြင်သို့ထုတ်ပစ်မည်ဆိုပါက နဂိုရှေးဟောင်း ဆင်းတုတော်ကြီး ပျက်စီးသွားမည်ဖြစ်၍ ယခုအတိုင်းသာ ဆက်လက်အပူဇော်ခံသွားမည်ဟု သိရသည်။

ထွက်ပေါ်လာသည့် ကျောက်ဆင်းတုတော်၏ ဥာဏ်တော်အမြင့်မှာ လေးပေခန့်ရှိနိုင်သည်ဟုလည်း ခန့်မှန်းထားကြသည်။

နဂိုဆင်းတုတော်ကြီး၏ဥာဏ်တော်အမြင့်မှာ ၁၀ ပေခန့်ရှိပြီး လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာကျော်ခန့်တွင် တည်ထားကိုးကွယ်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

သို့သော်လည်း လက်ရှိပေါ်ထွက်လာသည့် ကျောက်ဆင်းတုတော်ကို မည်သည့်ခုနှစ်တွင် တည်ထားခဲ့သည်ကို မသိရဟုလည်း ဒေသခံများက ပြောသည်။

blob
မြေပုံမြို့အငူရပ်တွင် တည်ထားကိုးကွယ်ခဲ့သည့်အငူဓာတ်တော်ဘုရားကို တတိယ ဓညဝတီခေတ် ရခိုင်ဘုရင် သူရိယစက္ကမင်းက တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းနောက် မြောက်ဦးခေတ် ရခိုင်ဘုရင် မင်းဖလောင်း၏ မိဖုရား စိုးမဲကျီက ပြုပြင်မွမ်းမံခဲ့သည်ဟုလည်း ဘုရားဂေါပကများပြောပြချက်အရ သိရှိရကြောင်း ဦးမြတ်ထွန်းက ပြောသည်။

လက်ရှိ ပေါ်တော်မူ ကျောက်ဆင်းတုတော်အား ရပ်နီးရပ်ဝေးမှ ဘုရားဖူးဧည့်သည်များက  လာရောက်ဖူးမြော်နေကြသည်ဟုလည်း သိရသည်။

ဓာတ်ပုံ - ပေါ်တော်မူကျောက်ဆင်းတုဘုရားအား ဖူးတွေ့ရစဥ်။ (ဓာတ်ပုံ - ပေးပို့)
---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.