Preview

ကျောက်ဖြူတွင် ပျောက်ဆုံး‌နေသည့် ဗိုလ်မှူးနှင့်အဖွဲ့ကို စစ်ကောင်စီက ဖမ်းမိ၍ သတ်ဖြတ်လိုက်သည့်သတင်းများ ထွက်ပေါ်လာ

သဉ္ဇာနွယ် | မေ ၀၂/ ၂၀၂၅ | ကြည့်ရှုသူ :11726
ရခိုင် သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မေ ၂/၂၀၂၅

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ တိုက်ပွဲသို့ လေကြောင်းဖြင့်စေလွှတ်ခံရပြီးနောက် ပျောက်ဆုံးနေသည့် တပ်မ (၉၉)မှ ဗိုလ်မှူးတစ်ဦးအပါအဝင်တပ်သားတချို့ကို စစ်ကောင်စီကဖမ်းမိ၍ သတ်ဖြတ်လိုက်သည့်သတင်းများထွက်ပေါ်နေကြောင်း သိရသည်။

ထွက်ပြေးပျောက်ဆုံး‌နေသည့် ဗိုလ်မှူးနှင့်အဖွဲ့ကို ကျောက်ဖြူမြို့ရှိ အမှတ် (၃၂)ရဲတပ်ရင်း မရောက်မီ ပြင်ရှည်ရွာ၏ တော၊ တောင်ကုန်းအနီးအနားတွင် စစ်ကောင်စီတပ်က ဖမ်းမိကာ မေလ ၁ ရက်နေ့တွင် သတ်ဖြတ်လိုက်သည့်သတင်းများထွက်နေသည်ဟု မြေပြင်ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကိုပြောသည်။

"၃၂ ရဲတပ်ရင်းကိုမရောက်ခင် တော၊ တောင်တန်းဖက်မှာ စစ်ကောင်စီဖက်ကရှာတွေ့သွားလို့ အချင်းချင်းသတ်ဖြတ်လိုက်တယ်လို့ ကြားတယ်။ အတိအကျအတည်ပြုလို့တော့ မရသေးဘူး" ဟု ပြောသည်။

ယခုကဲ့သို့သတ်ဖြတ်လိုက်ခြင်းမှာ အဆိုပါဗိုလ်မှူးနှင့်အဖွဲ့သည် အာရက္ခတပ်တော်(AA)ရှိသည့် လွတ်မြောက်နယ်မြေသို့ ထွက်ပြေးသည်ကို ရိပ်မိသွားသဖြင့် သတ်ဖြတ်ခြင်းဖြစ်နိုင်သည်ဟု စစ်ရေးသိရှိသူအမျိုးသားတစ်ဦးက နိရဉ္စရာကို သုံးသပ်ပြောဆိုသည်။

"ကျနော့်အထင် ဗိုလ်မှူးနဲ့အဖွဲ့က AA ဖက်ကိုထွက်ပြေးတာထင်တယ်။ အဲဒါကို သူတို့စစ်ကြောင်းထိုးလိုက်ရှာရင်း မိသွားလို့ အစအနဖျောက်လိုက်တာထင်တယ်" ဟုပြောသည်။

အဆိုပါဗိုလ်မှူးနှင့်အဖွဲ့ သတ်ဖြတ်ခံရသည့်သတင်းကို နိရဉ္စရာအနေဖြင့် သီးခြားအတည်မပြုနိုင်သေးသလို အသေးစိတ်ကိုလည်း ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

အဆိုပါဗိုလ်မှူးနှင့်အဖွဲ့သည် ဧပြီ ၂၇ ရက်က ကျောက်ဖြူမြို့သို့အရောက် လမ်းတစ်နေရာတွင် ထွက်ပြေးပျောက်ဆုံးသွားခြင်းဖြစ်သည်။

သူတို့ပျောက်ဆုံးပြီးနောက် စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် လိုက်ရှာရာမှ AA နှင့် ထိတွေ့တိုက်ပွဲအချို့ ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

ဓာတ်ပုံ - ပုံဟောင်း
---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.