Preview

မြောက်ဦးနှင့် ကျောက်တော်ရှိ စစ်ဘေးရှောင်စခန်းနှစ်ခုမှ စစ်ဘေးရှောင်များအား AA က မူလနေထိုင်ရာကျေးရွာများတွင် ပြန်လည်နေရာချထားပေး

မောင်စာဂ | မေ ၀၂/ ၂၀၂၅ | ကြည့်ရှုသူ :890
ရခိုင် သတင်း

မောင်စာဂ၊ နိရဉ္စရာ၊ မေ ၂ /၂ဝ၂၅

ရခိုင်ပြည်၊ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းနှစ်ခုမှ စစ်ဘေးရှောင်ပြည်သူများအား အာရက္ခတပ်တော်(AA)က မူလနေထိုင်ရာကျေးရွာများတွင် ပြန်လည်နေရာချထားပေးလိုက်ပြီဟု အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)က ယနေ့ မေလ ၂ ရက်၌ ထုတ်ပြန်သည်။

ပြန်လည်နေရာချပေးခြင်းခံရသည့် စစ်ဘေးရှောင်များမှာ မြောက်ဦးမြို့နယ်၊ ဂါရာတောင်စခန်းမှ အိမ်ထောင်စု (၁၈)စုနှင့် ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစခန်းမှ အိမ်ထောင်စု (၃၁)စုတို့ဖြစ်ကြပြီး ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်တွင် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟု HDCO က ဖော်ပြသည်။

“အဆိုပါစစ်ဘေးရှောင်ပြည်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ အိုးခွက်၊ ပန်းကန်၊ စောင်၊ အဝတ်အထည်၊ တကိုယ်ရည်သုံးပစ္စည်းများ၊ တာပေါ်လင်များနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များအပါအဝင် အခြေခံစားသောက်ကုန်များကို ကူညီထောက်ပံ့ပေးခဲ့ပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

blob

အလားတူ အိမ်ထောင်စုတစ်စုစီအတွက် ၆၈၀,၀၀၀ ကျပ်နှုန်းဖြင့် ငွေကြေးအထောက်အပံ့ပေးခဲ့သလို နယ်ဝေးသို့ပြန်ရမည့် မိသားစုတစ်စုချင်းစီအတွက်လည်း ထပ်ဆောင်း၍ ၂၅၀,၀၀၀ ကျပ် ထောက်ပံ့ခဲ့သည်ဟု ဖော်ပြထားသည်။

နေရပ်ပြန်သောစစ်ဘေးရှောင်မိသားစုများကို မိမိတို့ရပ်ရွာသို့ အန္တရာယ်ကင်းစွာ ပြန်လည်ရောက်ရှိ နိုင်ရန်အတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့၏ ရဲဌာန၊ HDCO နှင့် အခြားသက်ဆိုင်ရာဌာနများ ပူးပေါင်းပြီး လုံခြုံရေးအစီအမံများချမှတ်ကာ ကားများဖြင့် လိုက်ပါပို့ဆောင်မှုများ ပြုလုပ်ပေးခဲ့သည်ဟုလည်း သိရသည်။

အဆိုပါစစ်ဘေးရှောင်များ မိမိနေရပ်သို့ ပြန်နိုင်ရေးအတွက် HDCO နှင့်အတူ လူမှုအဖွဲ့အစည်း (၂၂) ဖွဲ့တို့က စီမံချက်တစ်ရပ်အဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဓာတ်ပုံ - HDCO

---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#လူမှုရေးရာ#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.