Preview

ရခိုင်လွတ်မြောက်မြို့နယ်တစ်ခုတွင် ရခိုင်ရိုးရာပြိုင်လောင်းပြိုင်ပွဲကျင်းပ

စောရှင်မေ | မေ ၀၂/ ၂၀၂၅ | ကြည့်ရှုသူ :808
ရခိုင် သတင်း
စောရှင်မေ၊ နိရဥ္စရာ၊ မေ ၂/ ၂၀၂၅

ရခိုင်ပြည်ရှိ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် လွတ်မြောက်မြို့နယ်တစ်ခုတွင် ရခိုင်ရိုးရာပြိုင်လောင်းပြိုင်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲအား ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့နှင့် ယမန်နေ့ မေလ ၁ ရက်နေ့တို့တွင် နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးဖြစ်သည့် ကိုအောင်မင်းစိုးက ပြောသည်။

"ဒီလိုပြိုင်လောင်းပြိုင်ပွဲကျင်းပရခြင်းဟာ ရခိုင်ရိုးရာကိုမပျောက်ပျက်အောင် ထိန်းသိမ်းတာလည်းဖြစ်တယ်။ စစ်ပွဲကြောင့် စိတ်ညစ်စရာတွေပြေပျောက်သွားအောင်လည်းဖြစ်အောင်ရည်ရွယ်ပြီး လုပ်ဖြစ်ခဲ့တာပါ" ဟုပြောသည်။

အဆိုပါပြိုင်လောင်းပြိုင်ပွဲတွင် အဆိုပါမြို့နယ်ရှိကျေးရွာများအနက် ကျေးရွာခြောက်ရွာမှ ပြိုင်လောင်းအသင်း ၂၀ ခန့်ယှဥ်ပြိုင်ခဲ့ကြသည်။

ပြိုင်လောင်းတစ်စီးတွင် လူဦးရေ ရှစ်ဦးနှုန်းဖြင့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။

ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုတို့ကို ချီးမြှင့်ခဲ့ကြသည်ဟု သိရသည်။

ပထမဆုအနေဖြင့် ၅ သိန်းကျပ်တန်ဖိုးရှိသည့် ရွှေသားဖြင့်ပြုလုပ်ထားသော ရွှေတံဆိပ်တစ်ခုနှင့် " ပထမ " ဟုရေးသားထားသည့် အလံတစ်စင်း၊ ဒုတိယဆုအနေဖြင့် ငွေတံဆိပ်တစ်ခုနှင့် " ဒုတိယ "ဟုရေးထားသည့် အလံတစ်စင်း၊ တတိယဆုအနေဖြင့် " တတိယ " ဟုဖော်ပြထားသည့် အလံတစ်စင်းတို့အား သက်ဆိုင်ရာအဖွဲ့က ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - ရခိုင်ရိုးရာပြိုင်လောင်းပြိုင်ပွဲကျင်းပခဲ့စဥ်။

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.