Preview

တတိယအကြိမ်မြောက် သက်အမျိုးသားနေ့ မောင်တောနှင့် ရန်ကုန်တွင် ကျင်းပ

ခိုင်လူလှ (ရိုးမမြေ) | မေ ၀၄/ ၂၀၂၅ | ကြည့်ရှုသူ :503
ရခိုင် သတင်း

နိရဉ္စရာ၊ မေ ၃/ ၂၀၂၅

မေလ ၁ ရက်နေ့က ကျရောက်ခဲ့သည့် တတိယအကြိမ်မြောက် သက်အမျိုးသားနေ့ကို ရခိုင်ပြည်၊ မောင်တောမြို့နယ်နှင့် ရန်ကုန်မြို့တို့မှာ အကျဉ်းချုံးကျင်းပပြုလုပ်ခဲ့ကြသည်ဟု သိရှိရသည်။  

တတိယအကြိမ်မြောက်(သက်)အမျိုးသားနေ့ကိုအခက်အခဲမျိုးစုံကြားကမျိုးဆက်သစ်လူငယ်များကဦးစီးပြီးမောင်တောမြို့ကမိုင်ငါးဆယ်ဝေးသည့်နယ်စပ်ဒေသတစ်နေရာတွင် ပြုလုပ်ခဲ့ကြသည်။

ရန်ကုန်မြို့တွင် ဒဂုံ(မြို့သစ်) ဆိပ်ကမ်းမြို့နယ်မှာရှိ ဇောတိကာရုံကျောင်းတိုက်တွင် သက်ကြီးပူဇော်ပွဲနှင့်  အတူ တတိယအကြိမ်မြောက် သက်အမျိုးသားနေ့ကို ကျင်းပပြုလုပ်ခဲ့ကြသည်။

သက်လူမျိုးသည်မြန်မာနိုင်ငံကိုရှေးဦးစွာဝင်လာသည့်လူမျိုးတစ်မျိုးဖြစ်ပြီး လက်ရှိ ရခိုင်ပြည်မှ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ အမ်းမြို့နယ်နှင့်ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့တွင်လည်းနေထိုင်နေကြသည်။

လက်ရှိ ရန်ကုန်တိုင်းအထိအခြေချ နေထိုင်မှုရှိလာသော်လည်း လူဦးရေအားဖြင့် သောင်းဂဏန်း မပြည့်တော့ဟု သိရပါသည်။

ဓာတ်ပုံ-One Nation News နှင့် Hla Htun Kyaw Post


blob
ရန်ကုန် သက်အမျိုးသားနေ့



#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.