သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မေ ၅/၂၀၂၅
ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ရိုးတောင်ပေါ်ရှိ အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်ဖွဲ့များထံ ဆေးဝါးများရောက်ရှိမည်စိုး၍ မကွေးတိုင်း၊ ပဒါန်းမြို့ရှိ ဆေးဆိုင်များအထိပါ စစ်ကောင်စီက ကန်သတ်ပိတ်ပင်လာကြောင်း သတင်းရရှိသည်။
ပဒါန်းမြို့ရှိ ဆေးဆိုင်များကို တပ်မ(၉၉)မှ ဗိုလ်မှူးချုပ် နိုင်ဝင်းက ဝယ်သူသောက်မည့် ဆေးမှအပရောင်းချခွင့်မပြုရဟု မေလအစောပိုင်းတွင် နှုတ်ဖြင့် အမိန့်ပေးထားသည်ဟု ပဒါန်းဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာ ကိုပြောသည်။
"ပဒါန်းမြို့ပေါ်က ဆေးဆိုင်တွေအကုန်လုံးကို စစ်ကောင်စီက သောက်ဖို့ဆေး တစ်လုံးကလွဲပြီး အပို ရောင်းချခွင့် မပေးထားဘူး။ ရောင်းမယ်/ဝယ်မယ်ဆို တိုင်ရမယ်။ တပ်မ(၉၉)ကဗိုလ်မှူးချုပ်က တော်တော်ဆိုးပြီး ဒေသခံတွေကိုတင်းကျပ်တယ်။ သူရောက်လာကတည်းက ပိုဆိုးတာ" ဟု ပြောသည်။
အလားတူ အမ်းမြို့နယ်နှင့် ပဒါန်းမြို့အကြား ရိုးပေါ်တွင်ရှိသည့် ဇမြွန်း၊ ရှောက်တောင်၊ ဂုတ်ကြီး၊ ဂုတ်ဝ၊ ခွန်ဆူရွာ၊ ရေနွယ်ရွာ၊ လှိုင်ရွာ၊ ပဇီရွာစသည့်ကျေးရွာများမှ ဒေသခံများကိုလည်း စားနပ်ရိက္ခာများကို တစ်နပ်စာထက်အပို ဝယ်ယူခွင့်မပေးရန် စစ်ကောင်စီ တပ်မ(၉၉)မှ ဗိုလ်မှူးချုပ် နိုင်ဝင်းက ဧပြီလနောက်ဆုံးပတ်မှစတင်ကာ ကန့်သတ်တားမြစ်ထားကြောင်းလည်း သိရသည်။
စားနပ်ရိက္ခာ၊ ဆေးဝါးများကိုပိတ်ပင်ရခြင်းသည် မကွေးတိုင်းအတွင်း အမ်း-ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေး
"စစ်ကောင်စီအခုလိုလုပ်ရတဲ့အကြော
နတ်ရေကန်လေကြောင်းကာကွယ်ရေးစခန်
နတ်ရေကန်လေကြောင်းကာကွယ်ရေးစခန်
ရခိုင်တွင်လည်း မြို့သိမ်းတိုက်ပွဲစတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ ယနေ့အချိန်ထိ ပြည်မမှ စားနပ်ရိက္ခာနှင့် ဆေးဝါးတင်သွင်းခွင့်တို့ကို စစ်ကောင်စီက ပိတ်ပင်ထားဆဲဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - ပုံဟောင်း
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်