စောရှင်မေ၊ နိရဥ္စရာ၊ မေ ၅/ ၂၀၂၅
ရခိုင်ပြည်ရှိ စစ်ကောင်စီထိန်းချုပ်မှုအောက်တွ
လက်ရှိ စစ်တွေမြို့တွင် ယနေ့ မေလ ၅ ရက်၌ 92 တစ်လီတာလျှင် ၁၃၀၀၀ ကျပ်၊ ဧပြီလတွင် ၁၄၀၀၀ ကျပ်၊ မတ်လတွင် ၁၉၀၀၀ ကျပ်နှင့် ဖေဖော်ဝါရီလတွင် ၂၂၀၀၀ ကျပ်အထိရှိခဲ့ကြောင်း မြို့ခံများက ပြောသည်။
လက်ရှိ ရခိုင်တွင် AA ထိန်းချုပ်ထားသည့် လွတ်မြောက်နယ်မြေများရှိ မြို့နယ်များ၌ ယနေ့ မေလ ၅ ရက်၌ 92 တစ်လီတာလျှင် ၈၅၀၀/၉၀၀၀ ကျပ်၊ မတ်နှင့် ဧပြီတို့တွင် ကျပ် ၈၀၀၀/၈၅၀၀ နှင့် ဖေဖော်ဝါရီလတွင် ကျပ် ၉၀၀၀/၉၅၀၀ ကြားရှိကြောင်း သိရသည်။
စစ်တွေမြို့တွင် စက်သုံးဆီရောင်းချသူများက ဆီများကို မရောင်းချဘဲ သိုလှောင်ထားလျှင် ဈေးမြင့်တက်လာပြီး ဆီများမသိုလှောင်ဘဲရောင်းချပါက ဈေးကျဆင်းလေ့ရှိကြောင်း မြို့ခံတစ်ဦးက ပြောသည်။
"ဆီရောင်းတဲ့လူတွေဆိုတာက လမ်းဘေးမှာ ထိုင်ရောင်းနေတဲ့ လက်လုပ်လက်စား လူတွေလည်းမဟုတ်ဘူး။ ဆီဆိုင်ကြီးတွေလည်း ပိတ်ထားတာကြာပြီ။ စီးပွားရေးသမားတွေနဲ့ စစ်ကောင်စီတွေက ပေါင်းပြီးလုပ်စားနေကြတယ်" ဟု ပြောသည်။
ဦးထိန်လင်းဦးဆောင်သည့် ရခိုင်ပြည် စစ်ကောင်စီအဖွဲ့သည် စစ်တွေမြို့ပေါ်ရှိ ပြည်သူလူထုအတွက်ဟုဆိုကာ ရန်ကုန်မှ စက်သုံးဆီများကို သင်္ဘောများဖြင့်သယ်ယူလျက်ရှိသေ
စက်သုံးဆီလုပ်ငန်းရှင်များကို အနည်းငယ် ရောင်းချခွင့်ပေးထားသော်လည်း လုပ်ငန်းရှင်များက စျေးကစားနေမှုကြောင့် ပြည်သူလူထုမှာ စက်သုံးဆီများကို စျေးကြီးပေးဝယ်သုံးနေကြရသည်။
ထို့အပြင် စစ်တွေမြို့အတွင်း 92 ဆီအသန့်မရရှိဘဲ တခြားဒီဇယ်ဆီ ရောနှောပါဝင်မှုရှိနေသည်မှာလည်း တစ်နှစ်ကျော်ခန့် ကြာမြင့်နေပြီဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
"ဆီရောင်းတဲ့သူတွေရဲ့ လောဘတွေကြောင့် 92 ဆီဆိုရင် အစစ်တောင်မရဘူး။ ဒီဇယ်အရောပါတယ်။ Auto ဆိုင်ကယ်ဘီးစီးရင်တော့ ခဏခဏ ပြုပြင်ရတယ်" ဟုပြောသည်။
အချို့ဆိုလျှင် စက်သုံးဆီစရိတ်မတတ်နိုင်တော့၍ စက်တပ်ယာဥ်များအစား စက်ဘီးများကိုသာ အစားထိုးသုံးစွဲလာကြသည်ဟုလည်း မြို့ခံများက ပြောသည်။
စစ်တွေတွင် ယနေ့ မေလ ၅ ရက်၌ ဒီဇယ် ပရီမီယမ်တစ်လီတာလျှင် ၆၀၀၀ ကျပ်၊ ဧပြီနှင့် မတ်တွင် ၆၅၀၀ ကျပ်နှင့် ဖေဖော်ဝါရီလတွင် ၇၀၀၀ ကျပ်အသီးသီးရှိကြောင်း သိရသည်။
အလားတူ ရခိုင်လွတ်မြောက်နယ်မြေများတွင် ဒီဇယ် ပရီမီယမ်တစ်လီတာလျှင် ယနေ့ပေါက်စျေး ကျပ် ၇၀၀၀ ခန့်ရှိနေကြောင်း သိရသည်။
ရခိုင်တွင် မြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီက လမ်းပန်းဆက်သွယ်ရေးပိတ်ဆို့ထား၍ AA ထိန်းချုပ်ထားသည့် မြို့နယ်တို့တွင် စက်သုံးဆီဈေးများ တဟုန်ထိုးမြင့်တက်ခဲ့ပြီး 92 တစ်လီတာလျှင် ကျပ်နှစ်သောင်းကျော်ခန့်အထိ ဈေးတက်ခဲ့သည်။
လွတ်မြောက်နယ်မြေမှ ဒေသခံတစ်ဦးက "တိုက်ပွဲဖြစ်ပွားတဲ့အချိန်တုန်
ရခိုင်လွတ်မြောက်နယ်မြေများတွင် စစ်ကောင်စီပိတ်ဆို့ထားသည့်ကြား
ဓာတ်ပုံ - ပုံဟောင်း။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်