Preview

မောင်တောတွင် မွတ်ဆလင်အမျိုးသား သုံးဦးကို ARSA အကြမ်းဖက်အဖွဲ့ဖမ်းဆီးသွား

သဉ္ဇာနွယ် | မေ ၀၆/ ၂၀၂၅ | ကြည့်ရှုသူ :1745
ရခိုင် သတင်း

(ဖမ်းဆီးသွားသူများနှင့် ဖမ်းဆီးခံရသူများကို AA က ပိုက်စိပ်တိုက် လိုက်လံရှာဖွေနေ)

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မေ ၆/၂၀၂၅

ရခိုင်ပြည်၊ အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်းတွင် မွတ်ဆလင်အမျိုးသား သုံးဦးကို ARSA အကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။

ဖမ်းဆီးခံရသူများမှာ မောင်တောမြို့နယ်မြောက်ပိုင်း၊ ကျောက်ချောင်းကျေးရွာမှ မာမတ်အာယု (၄၂)နှစ်၊ ကိုအီလီယစ်(၂၆)နှစ်နှင့် ဦးဖုအာလန် (၄၇)နှစ်တို့ဖြစ်သည်။

ယမန်နေ့ မေလ ၄ ရက်၊ ညနေပိုင်းတွင် ARSA အကြမ်းဖက်အဖွဲ့မှ အဖွဲ့ဝင် ၁၀ ဦးခန့်သည် ကျောက်ချောင်းကျေးရွာထဲသို့ဝင်ရောက်လာပြီး သူတို့သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု မောင်တောဒေသခံမွတ်ဆလင်အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"အဓိကဖမ်းရတဲ့အကြောင်းအရင်းက AA ကိုသတင်းပေးတယ်လို့စွပ်စွဲပြီး ဖမ်းသွားတာ။ ရိုက်နှက်ပြီးဖမ်းသွားတာ" ဟုပြောသည်။

ဖမ်းဆီးသွားသည့် ARSA အဖွဲ့နှင့်အတူ ဖမ်းဆီးခံရသည့် ရွာသားများကို အာရက္ခတပ်တော်(AA)က ကူညီပြီး ပိုက်စိပ်တိုက် လိုက်လံရှာပေးနေသည်ဟု AA မှ တာဝန်ရှိသူတစ်ဦးက နိရဉ္စရာကိုပြောသည်။

"ဖမ်းခံရတဲ့ မိသားစုတွေနဲ့ ရွာသားတွေက ULA/AA ကိုတိုင်တန်းတော့ လိုက်ရှာပေးတာ။ နေရာအနှံ့အပြားမှာတော့ ရှာပေးနေပါတယ်" ဟု ပြောသည်။

မောင်တောမြို့ကို AA က စစ်ကောင်စီလက်အောက်မှ သိမ်းပိုက်ထားသော်လည်း ဒေသခံများမှာ ARSA၊ ARA၊ RSO စသည့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များ၏ ခြုံခိုတိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများလည်း မကြာခဏဆိုသလို ကြုံနေရပြီး AA ကလည်း ထိုအကြမ်းဖက်အဖွဲ့များကို လိုက်လံရှင်းလင်းလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ - မောင်တောမြို့နယ်အတွင်းမှ ကျေးရွာတစ်ရွာအား တွေ့ရစဉ်။

---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#ARSA#နယ်စပ်ရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.