Preview

ရခိုင့်ဝါရင့်နိုင်ငံရေးသမား ဦးဦးလှစော၏ရုပ်အလောင်းအား ရခိုင်လွတ်မြောက်တစ်နေရာတွင် ဂုဏ်ပြုသင်္ဂြိုလ်

မောင်စာဂ | မေ ၀၇/ ၂၀၂၅ | ကြည့်ရှုသူ :5194
ရခိုင် သတင်း

မောင်စာဂ၊ နိရဉ္စရာ၊ မေ ၇/၂ဝ၂၅

ရခိုင့်ဝါရင့်နိုင်ငံရေးသမား၊ စာရေးဆရာနှင့် ကဗျာဆရာ ဦးဦးလှစော(ခေါ်) မောင်ခိုင်အောင်၏ ကြွင်းကျန်ရစ်သည့် ရုပ်အလောင်းအား ရခိုင်လွတ်မြောက်တစ်နေရာတွင် ယနေ့ ဂုဏ်ပြုသင်္ဂြိုလ်ခဲ့သည်ဟု သိရသည်။

ယနေ့ မေလ ၇ ရက်၊ နေ့လယ် ၂ နာရီခန့်တွင် ကောင်းမွန်စွာ ဂုဏ်ပြုသင်္ဂြိုလ်ခဲ့ခြင်းဖြစ်ပြီး ဆရာဦးဦးလှစော၏မိသားစုဝင်များနှင့် မိတ်ဆွေအပေါင်းအသင်းများ တက်ရောက်ခဲ့ကြသည်ဟု ဆရာ့၏မိတ်ဆွေတစ်ဦးက ပြောသည်။

“ဆရာ့ကို ကြီးကြီးကျယ်ကျယ်ခမ်းခမ်းနားနား ဂုဏ်ပြုသင်္ဂြိုလ်ချင်ခဲ့ပေမဲ့ ခေတ်ကာလအနေအထားအရ အကျဉ်းချုံးလောက်ပဲ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါကိုလည်း ဆရာ့အနေနဲ့ တမလွန်ကနေ နားလည်ပေးနိုင်လိမ့်မယ်လို့ ယူဆပါတယ်”ဟု ပြောသည်။

ဦးဦးလှစောအား ဂုဏ်ပြုသင်္ဂြိုလ်ရာတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)က သဝဏ်လွှာ ဖတ်ကြားခဲ့ပြီး လွမ်းသူ့ပန်းခွေများလည်း ချခဲ့ကြောင်း သိရသည်။

ဆရာဦးဦးလှစောသည် မေလ ၅ ရက်၊ ည ၁၁ နာရီခွဲခန့်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

လည်ချောင်းကင်ဆာရောဂါကို အိန္ဒိယနိုင်ငံရှိ ဆေးရုံတစ်ခုတွင် ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်သွားခြင်းလည်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် (၇၂) နှစ်ရှိပြီဖြစ်သည်။

ဆရာဦးဦးလှစောကွယ်လွန်သွားသည့်အပေါ် အဖွဲ့အစည်းအချို့က ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်များကိုလည်း ထုတ်ပြန်ထားကြသည်။

ဆရာဦးဦးလှစောကို ဖခင်ဦးအောင်လှဇံ၊ မိခင်ဒေါ်စံသာဖြူတို့မှ ၁၉၅၃ ခုနှစ် မေလ ၂၇ ရက် (၁၃၁၅ ခုကဆုန်လပြည့်နေ)တွင် ရခိုင်ပြည်၊ မြောက်ဦးမြို့၌ မွေးဖွားခဲ့ပြီး အကြီးဆုံးသားဖြစ်ကြောင်း သိရသည်။

ဆရာဦးဦးလှစော၏ နိုင်ငံရေးဖြတ်သန်းမှု၊ ကျူရှင်ဆရာဘဝဖြတ်သန်းမှုနှင့် စာပေသမားဘဝဖြတ်သန်းမှုတို့အသေးစိတ်အချက်အလက်များကို အောက်က လင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://burmese.narinjara.com/news/detail/68195f46b7b867155a2831f8

ဓာတ်ပုံ - ပေးပို့
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.