Preview

ရသေ့တောင် ထွန်းရဝေရွာဟောင်းကို စစ်ကောင်စီဗုံးလာကြဲ၍ အရပ်သားတစ်ဦးသေ၊ ကလေးငယ်တစ်ဦးအပါအဝင် လေးဦးထက်မနည်း ဒဏ်ရာရ

မောင်စာဂ | မေ ၁၃/ ၂၀၂၅ | ကြည့်ရှုသူ :1351
ရခိုင် သတင်း

မောင်စာဂ၊ နိရဉ္စရာ၊ မေ ၁၃ /၂ဝ၂၅

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းကို စစ်ကောင်စီလေတပ်က ယနေ့နံနက်ပိုင်းတွင် ဗုံးလာကြဲခဲ့သည့်အတွက် အရပ်သားတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦးအပါအဝင် လေးဦးထက်မနည်း ဒဏ်ရာရသွားခဲ့သည်ဟု သိရသည်။

အဆိုပါကျေးရွာကို ယနေ့ မေလ ၁၃ ရက်၊ နံနက် ၁ဝ နာရီခန့်တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးနှစ်လုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကနဦးသတင်းများအရ အပြစ်မဲ့အရပ်သားတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦးအပါအဝင် လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “အဲဒီရွာက ဘာစစ်ရေးလှုပရှားမှုမှမရှိဘူး။ ရသေ့တောင်က စစ်ဘေးရှောင်တွေပဲ အနေများကြတာ”ဟု ပြောသည်။

blob

ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ် ၁ဝ လုံးခန့်လည်း ပျက်စီးသွားခဲ့သည်ဟု သိရသည်။

အဆိုပါကျေးရွာသည် ရသေ့တောင်မြို့၏ အရှေ့ဘက် ၃ မိုင်ခွဲအကွာတွင်ရှိပြီး အိမ်ခြေ ၂ဝဝ ကျော်ရှိသည်ဟု သိရသည်။

စစ်ကောင်စီသည် မေလ ၆ ရက်မှ ၃၁ ရက်အထိ အပစ်အခတ်ရပ်စဲထားသည်ဟုထုတ်ပြန်ထားသော်လည်း သူတို့ကတိကို သူတို့ကိုယ်တိုင်ချိုးဖော်ကာ အပြစ်မဲ့အရပ်သားများနေထိုင်ရာ ကျေးရွာများအပါအဝင် စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်ဦများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဓာတ်ပုံ - ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းအား စစ်ကောင်စီက လေကြောင်းမှဗုံးကြဲအပြီး တွေ့ရစဉ်။ (Photo - GEM)

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.