Preview

ကျောက်တော်မြို့ကို စစ်ကောင်စီ လေကြောင်းမှ ထပ်မံဗုံးလာကြဲ

စောရှင်မေ | မေ ၁၅/ ၂၀၂၅ | ကြည့်ရှုသူ :278
ရခိုင် သတင်း
(အသေအပျောက်များနိုင်)


စောရှင်မေ၊ နိရဉ္စရာ၊ မေ ၁၅/၂၀၂၅


ရခိုင်ပြည်၊ ကျောက်တော်မြို့ကို စစ်ကောင်စီလေတပ်က ယနေ့ နေ့လယ်တွင် လေကြောင်းမှ သုံးကြိမ်တိုင် လာကြဲခဲ့သည်ဟု မြို့ခံများက ပြောသည်။


ယနေ့ မေလ ၁၅ ရက်၊ နေ့လယ် ၂ နာရီ ၂ မိနစ်တွင် စစ်ကောင်စီ၏ လေယာဥ်နှစ်စီးဖြင့် ပထမတစ်ကြိမ်၊ ၂ နာရီ ၁၀ မိနစ်တွင် ဒုတိယတစ်ကြိမ်နှင့် ၂ နာရီ ၁၄ မိနစ်တွင် ရော့ကတ်ဖြင့် လေးလုံးတစ်ကြိမ် ကျောက်တော်မြို့ပေါ်ကို ဗုံးကြဲချခဲ့ကြောင်း သိရသည်။


မည်သည့်နေရာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုအသေးစိတ်ကို နိရဉ္စရာက လောလောဆယ်စုံစမ်းနေဆဲဖြစ်သည်။


မြို့ခံတစ်ဦးက ယခုပစ်ခတ်သည့်နေရာသည် ယမန်နေ့ပစ်ခတ်ခံရသည့် ရွာမရပ်ကွက်နှင့်အနီးတဝိုက်ဖြစ်နိုင်သည်ဟု ပြောသည်။


"မီးခိုးလုံးတွေက အဲဒီဘက်ကတက်လာတာတွေ့တယ်။ အသေအပျောက်များနိုင်တယ်"ဟု ပြောသည်။
သတင်းအပြည့်အစုံကို ဆက်လက်ဖော်ပြပါမည်။


ယမန်နေ့ မေလ ၁၄ ရက်နေ့ ညနေ ၃ နာရီ ၅၁ မိနစ်အချိန်တွင် ကျောက်တော်မြို့၊ ရွာမရပ်ကွက်ကို အကြမ်းဖက်စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချပြီး ရော့ကက်နှင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


ထိုသို့ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသမီး သုံးဦးသေဆုံးပြီး ငါးဦးဒဏ်ရာသွားကြောင်း သိရသည်။


ကျောက်တော်မြို့ကို ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နှင့် ၁၃ ရက်တို့ကလည်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။


ယင်းဖြစ်စဥ်နှစ်ခုအတွင်း အပြစ်မဲ့အရပ်သား အမျိုးသားတစ်ဦးသေဆုံးပြီး ၂၄ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။
ဓာတ်ပုံ - မေလ ၁၄ ရက်ဖြစ်စဥ် မြင်ကွင်း။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။
#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.