Preview

စစ်ကောင်စီက ရခိုင်ကို ဗုံးကြဲ၍ လူပေါင်း ဒါဇင်နှင့်ချီပြီး သေဆုံးနေချိန်တွင် AAက စစ်သုံ့ပန်း ၂၀၀ ကျော်ကို ပြန်လွှတ်ပေး

သဉ္ဇာနွယ် | မေ ၁၇/ ၂၀၂၅ | ကြည့်ရှုသူ :1003
ရခိုင် သတင်း

နိရဉ္စရာ၊ မေ ၁၇/၂၀၂၅

စစ်ကောင်စီက ရခိုင်ကို ဗုံးကြဲ၍ အရပ်သား ဒါဇင်နှင့်ချီပြီး သေဆုံးနေချိန်တွင် အာရက္ခတပ်တော်( AA) က သဘောထားကြီးစွာဖြင့် စစ်သုံ့ပန်းနဲ့ မိသားစုဝင် ၂၂၅ ဦးကို  ပြန်လွတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

၎င်းတို့ ၂၂၅ ဦးမှာ မင်းပြားမြို့သိမ်း တိုက်ပွဲအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသောစစ်သုံ့ပန်းမိသားစုဝင်များအထဲက ဖြစ်ပြီး  မေလ၁၆ ရက်နေ့က ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက “ ဒီလူ ၂၀၀ ကျော်ကို မနေ့က ပြန်ဂျီနီဗာကွန်ဗန်ရှင်းနဲ့ အညီ လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီက ဗုံးကြဲလို့ ရခိုင်မှာ ၃ ရက်အတွင်း အရပ်သား ၂၀ ကျော်သေဆုံးခဲ့ရတယ်။ ဒီအချိန်မှာ အေအေက စစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးတာက အလွန်သဘောထားကြီးတဲ့လုပ်ရပ်ဖြစ်ပါတယ်။ ကြိုဆိုပါတယ်”ဟု ပြောကြားသည်။

blob
              စစ်သုံ့ပန်းများအား ပြန်လွှတ်ပေးသည့် အခမ်းအနား








၎င်းတို့ကို အခမ်းအနားပြုလုပ်ကာ ယမန်နေ့ နေ့လယ်ပိုင်း ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ပြီး အာရက္ခတပ်တော်တာဝန်ရှိသူများက သူတို့အား အားပေးစကားများ ပြောကြားခဲ့ကာ ပြန်လွှတ်သွားသည့် စစ်သုံ့ပန်း မိသားစုများကို ကားများဖြင့် ၎င်းတို့သွားလိုသည့် နေရာများကို လိုက်ပါပို့ဆောင်ခဲ့သည်ဟု ​ (ULA/AA)နှင့်နီးစပ်သူအမျိုးသားတစ်ဦးကပြောသည်။

" မနေ့က နေ့လယ်ပိုင်းလောက်ကပြန်လွတ်ပေးလိုက်တယ်။ မိသားစုဝင်တွေ၊စစ်သုံ့ပန်းတွေပေါ့။လွတ်မြောက်တစ်နေရာကနေ သူတို့ရဲ့နေရပ်တွေကို သွားလို့ရအောင် ကားတွေနဲ့ ပို့ပေးလိုက်ပါတယ်" ဟု ပြောသည်။

ပြီးခဲ့သည့်ဧပြီ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့ကလည်း မင်းပြားမြို့သိမ်းတိုက်ပွဲမှဖမ်းဆီးရမိသည့် စစ်သုံ့ပန်းနှင့်  မိသားစု ၁၇၀ ဦးကို AA ကပြန်လွှတ်ပေးခဲ့သည်။

အာရက္ခတပ်တော်(AA)သည်  တိုက်ပွဲအတွင်းမှ ဖမ်းဆီးရမိခဲ့သည့်  စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်မိသားစုဝင်များကို ကောင်းမွန်စွာ စောင့်ရှောက်ပေးထားပြီး လုံခြုံရေးအရ ပြန်နိုင်သူများကို တစ်သုတ်ပြီးတစ်သုတ်ပြန်လွတ်ပေးနေကြောင်း သိရသည်။

#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.