Preview

မာန်အောင်ကျွန်း သစ်ပုံရွာအနီးကိုဗဟိုပြု၍ မြေငလျင်လှုပ်

ခိုင်လူလှ (ရိုးမမြေ) | မေ ၁၉/ ၂၀၂၅ | ကြည့်ရှုသူ :1224
ရခိုင် သတင်း

နိရဉ္စရာ၊ မေ ၁၉/၂၀၂၅ခ

ရခိုင်ပြည်၊ မာန်အောင်မြို့နယ်၊ သစ်ပုံရွာအနီးကို ဗဟိုပြု၍ ယနေ့ မေလ ၁၉ ရက် နံနက် ၀၁:၄၅ နာရီအချိန်ကအင်အားရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိမြေငလျင်ငယ် လှုပ်ရှားသွားခဲ့ကြောင်းမြန်မာမိုးဇလကသတင်းထုတ်ပြန်သည်။

ထုတ်ပြန်ချက်ထဲတွင်“ ၂၀၂၅ခုနှစ်၊မေလ ၁၉ရက်နေ့၊မြန်မာစံတော်ချိန် (၀၁)နာရီ၊ (၄၅)မိနစ်၊ (၂၆)စက္ကန့်အချိန်တွင်စစ်တွေမြေငလျင်စခန်းမှအရှေ့တောင်ဘက် မိုင် (၉၀)ခန့်ကွာဝေးသောမြန်မာ့ ပင်လယ်ပြင် (ကျောက်ဖြူမြို့၏ တောင်ဘက် (၂၉) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၉.၀၁) ဒီဂရီ၊အရှေ့လောင်ဂျီတွဒ်(၉၃.၅၈) ဒီဂရီ၊အနက် (၂၃) ကီလိုမီတာကို ဗဟိုပြု၍အင်အားရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိအင်အားအတင့်အသင့်ရှိသောမြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်” ဟုဖော်ပြသည်။

 မြေငလျင်သတင်းစင်တာ၏ထုတ်ပြန်ချက်ထဲတွင်“ ယနေ့မနက် မြန်မာစံတော်ချိန် ၀၁:၄၅ နာရီအချိန်က မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှအနောက်တောင်ဘက် ၃၆ မိုင်အကွာ မာန်အောင်ကျွန်းပေါ်က သစ်ပုံရွာငယ်အနီး မြေအောက်ဒေသအနက် ၆ မိုင်‌ကျော်မှ နောက်ထပ် မဂ္ဂနီကျု ၄.၉ အဆင့်မြေငလျင်ငယ် လှုပ်ရှားသွားခဲ့ပါသည်”ဟု ဖော်ပြထားသည်။

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က အင်အားရစ်(ခ်)တာစကေး (၇.၇) အဆင့်ရှိအင်အားစစ်ကိုင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက်မြန်မာနိုင်ငံမှာမေ၁၈ရက်နေ့ထိငလျင်၁၇၈ကြိမ်လှုပ်ခတ်သွားခဲ့ပြီးဖြစ်တယ်လို့မိုးဇလရဲ့ထုတ်ပြန်ချက်အရသိရသည်။

အခုမာန်အောင်မြို့နယ်ကိုဗဟိုပြုလှုပ်ခတ်ခဲ့သည့်ငလျင်မှာ  မတ်လ၂၈ရက်စစ်ကိုင်းငလျင်ပြီးနောက်ရခိုင်ပြည်မှာပထမဆုံးအကြိမ်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

#မြေငလျင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.