Preview

အာရက္ခဒေသမှ ပြင်ပသို့ ထွက်ခွာရန် ကြိုးစားအားထုတ်‌နေကြသောသူများကို တားမြစ်သည့်စည်ကမ်းချက်ULA/AA ထုတ်

နိရဉ္စရာ | မေ ၂၂/ ၂၀၂၅ | ကြည့်ရှုသူ :1408
ရခိုင် သတင်း

နိရဉ္စရာ၊မေ၂၂/ ၂၀၂၅

ရခိုင်ပြည်မှ ပြင်ပသို့ ထွက်ခွာရန် ကြိုးစားအားထုတ်‌နေကြသောသူများကို တားမြစ်သည့်အချက် (၄) ချက်ပါ စည်ကမ်းချက်ကိုယနေ့ မေ ၂၂ ရက်နေ့စွဲဖြင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ထုတ်ပြန်လိုက်သည်။  

ထိုသို့ထုတ်ပြန်ရာတွင်” ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) သည် အမျိုးသားကာကွယ်ရေးဆိုင်ရာအ ရေးပေါ် ပြဋ္ဌာန်းချက် (National Defense Emergency Provision - NDEP) ကို ၂၀၂၅ ခုနှစ်၊ မက်ချ် (၁၈) ရက်မှ စတင်ပြဋ္ဌာန်းပြီးအာရက္ခဒေသအတွင်း နေ ပြည်သူလူထုတရပ်လုံး၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များလုံခြုံ ရေး၊ တည်တံ့ ရေးကို အထူးအ လေး ပေး ဆောင်ရွက်လျက် ရှိနေပါကြောင်း၊  ယင်းအပြင် မပြီးပြတ် သေး သော မြို့သိမ်းတိုက်ပွဲများကိုအကန့်အသတ်နှင့်ဆင်နွှဲရင်း“အာရက္ခဒေသတခုလုံး အာရက္ခပြည်သူလက်ထဲသို့ရောက်ရှိ ရေး" ဟူသည့် ရည်မှန်းချက်ကို အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ 

တခြားတဖက်တွင် လူငယ်လူရွယ်အနည်းစုသည် ကျနော်တို့ ပြဋ္ဌာန်းလိုက်သည့်အမျိုးသားကာကွယ် ရေးဆိုင်ရာ အ ရေးပေါ်ပြဋ္ဌာန်းချက် (NDEP) အပေါ်သေချာစွာနားမလည်ဘဲ အဓိပ္ပာယ်ကောက်လွဲမှားပြီး တိုင်းပြည်တာဝန်ထမ်းဆောင်မှုကိုရှောင်လွဲရန် ကြိုးစားအားထုတ်လာသည်များကို ကြားသိနေရပါကြောင်း၊  ထို့ကြောင့် ယခု အချိန်ကာလများအတွင်း ပုံစံအမျိုးမျိုး၊နည်းလမ်းအမျိုးမျိုးဖြင့် အာရက္ခဒေသ၏ ပြင်ပသို့ ထွက်ခွာရန် ကြိုးစားအားထုတ်‌ နေ ကြသောသူများကို တားမြစ်ကာ အောက်ပါစည်းကမ်းချက်များကိုထုတ်ပြန်လိုက်ပါကြောင်းဖော်ပြပါရှိသည်။

စည်းကမ်းချက်များမှာ

(၁) ကျိုးကြောင်းဆီလျော်မှုမရှိသော အကြောင်းပြချက်များဖြင့်အာရက္ခဒေသအတွင်းမှနေရပ်စွန့်ခွာပြီး သွားလိုကြ သောသူများနှင့်အမျိုးသားကာကွယ် ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) အရစစ်မှုထမ်းရန်အကျုံးဝင်ပြီး စစ်မှုမထမ်းလို၍ အာရက္ခဒေသ၏ ပြင်ပသို့ ထွက်ပြေးရန် ကြိုးစားကြသူများကို သွားလာခွင့်မပြုဘဲ တည်ငြိမ်သော စစ်ရေးအခြေအနေတခုသို့ ရောက်ရှိလာသည်အထိတားမြစ်လိုက်သည်။

(၂) အာရက္ခပြည်သူ့ကျန်းမာ ရေးဌာနမှ ကုသမှုမ ပေးနိုင်သည့်ပြင်းထန်ရောဂါရှိသော လူနာများ၊ အသက်အန္တရာယ်စိုးရိမ်ရသည့်လူနာများမှလွဲ၍နေရပ်စွန့်ခွာသွားလိုကြသောသူများသည် NDEP ပြဋ္ဌာန်းချက်ပါ အသက်အရွယ် (မ ၁၈နှစ်မှ ၂၅ နှစ်အထိ၊ ကျား ၁၈ နှစ်မှ ၄၅ နှစ်အထိ) အတွင်းအကျုံးဝင်သောသူများကို သွားလာခွင့်မပြုဘဲ လက်ရှိတိုက်ပွဲများကြောင့်ဖြစ်ပေါ်လာသော အ ရေးပေါ်ကာလပြီးဆုံးချိန်အထိ တားမြစ်လိုက်သည်။

(၃) အာရက္ခဒေသအတွင်းမှနေရပ်စွန့်ခွာပြီး သွားလိုကြသောသူများကိုကုန်းလမ်း၊ရေလမ်းများမှ အခကြေးငွေယူ၍ သယ်ယူပို့ဆောင် ပေးနေသူများကိုတားမြစ်လိုက်ပြီးတွေ့ရှိပါက တည်ဆဲဥပဒေအရ အ ရေးယူခြင်းခံရမည်။

(၄) အ ခြေခံစားသောက်ကုန် ရောင်း/ဝယ် ကုန်သည်များ၊ နွားကုန်သည်များ၊ နွားအချအငှားလိုက်သူများ ကုန်သည်များအ နေ ဖြင့်သွားလာကြသည့်အချိန်များတွင်လူပိုများကိုခေါ်ဆောင်ခြင်း၊ အခကြေး ငွေ ယူ၍ လူကယ်ရီပို့ဆောင်ခြင်းလုံးဝမပြုလုပ်ရန် တားမြစ်လိုက်သည်တို့ဖြစ်ကြသည်။  

ရက္ခိုင်လူမျိုးမှတ်ပုံတင် ကိုင်ဆောင် ထားသူများ၊ ခရီးသွားလာ‌ နေကြသောရက္ခိုင်လူမျိုးများကို ရည်ရွယ်ချက်ရှိရှိဖမ်းဆီးပြီး ငွေညှစ် နေမှု၊ ပြန်ပေးဆွဲထားသကဲ့သို့ ဖမ်းဆီးထိန်းသိမ်းထားမှု၊ ပုဒ်မအမျိုးမျိုးတပ်ပြီးမတရားသဖြင့် ထောင်ချ နေမှု၊ လူသတ်အလောင်း ဖျောက်နေမှုများ အန္တရာယ်မှကင်းလွတ် စေရန်အတွက်လည်း ဤကဲ့သို့ တားမြစ်ရခြင်း ဖြစ်သည်ဟုဆက်လက် ဖော်ပြသည်။

အာရက္ခဒေသ၏ မြို့သိမ်းတိုက်ပွဲများအတွင်း ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီမှထောင်ထားသော စွန့်လွှတ်မိုင်းများ မနင်းမိ စေရန်အတွက်လည်းကောင်း၊စစ်ကောင်စီထိန်းချုပ်ထားသော မြို့များသို့ ရောက်ရှိပါက စစ်မှုထမ်းရန်စုဆောင်း ရေးမခံရ စေရန်လည်းကောင်း၊ လူမှောင်ခိုဂိုဏ်းများ၊ကျားဖြန့်ဂိုဏ်းများ၏လက်ထဲသို့ မရောက်ရှိ စေရန်လည်းကောင်း၊ရက္ခိုင်ရိုးမနယ်စပ်တလျှောက် တိုက်ပွဲများဆက်လက်ရှိနေဆဲဖြစ်သောကြောင့်တိုက်ပွဲများအတွင်း ကြားညပ်မသွား စေရန်လည်းကောင်း အစရှိသည့် လူ၊ မိုင်းအန္တရာယ်များမှ ကင်းလွတ် စေရန် ရည်ရွယ်ပါသည်ဟုဖော်ပြသည်။ 

အရေးပေါ်ကာလကို ပြန်လည်ရုပ်သိမ်းမည့်အချိန်အား ထပ်မံအသိ ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်ဟုလည်းနိဂုံးချုပ်ဖော်ပြထားသည်။

blob


 

#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.