Preview

ရခိုင်သို့ ဘိလပ်မြေတင်ပို့သူ ၅ ဦးကို ဘိလပ်မြေအိတ် ၃၀၀ ကျော်နှင့်အတူ ဘင်္ဂလားကမ်းခြေစောင့်တပ်ဖမ်းဆီး

ခိုင်လူလှ (ရိုးမမြေ) | မေ ၂၅/ ၂၀၂၅ | ကြည့်ရှုသူ :4877
ရခိုင် သတင်း

နိရဉ္စရာ၊ မေ ၂၅/၂၀၂၅

ရခိုင်ပြည်သို့ ဘိလပ်မြေ တရားမဝင် တင်သွင်းသူ ၅ ဦးကို ဘိလပ်မြေအိတ် ၃၄၀ နှင့်အတူ မေလ ၂၄ ရက်နေ့က ဘင်္ဂလာကမ်းခြေစောင့်တပ်က ဖမ်းဆီးလိုက်သည်ဟု အိုကီးယားနယူးစ်တွင် သတင်းဖော်ပြသည်။  

လျှို့ဝှက်သတင်းအချက်အလက်များကိုအခြေခံ၍ ကမ်းခြေစောင့်တပ်စခန်းကော့စ်ဘဇားမှ အထူးစစ်ဆင်ရေးတစ်ရပ်ကိုစနေနေ့ နံနက် ၂ နာရီတွင် ကော့စ်ဘဇားနှင့်ကပ်လျက်ရှိသည့် ပင်လယ်ပြင်တွင် ပြုလုပ်ခဲ့စဉ် ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

၎င်းစစ်ဆင်ရေးအတွင်း မသင်္ကာဖွယ် မော်တော်ရေယာဥ်တစ်စီးကို  ရပ်တန့်ရန် အချက်ပြခဲ့သော်လည်းအချက်ပြမှုကို လျစ်လျူရှုကာ အမြန် ထွက်ပြေးရန် ကြိုးစားခဲ့သဖြင့်  နာရီပေါင်းများစွာ လိုက်လံဖမ်းဆီးခဲ့ရကြောင်းကမ်းခြေစောင့်တပ်သတင်းမီဒီယာအရာရှိ ဒုဗိုလ် Harun-or-Rashid က စနေနေ့ (မေလ ၂၄ ရက်) နေ့လယ်တွင် သတင်းထောက်များကိုပြောကြားခဲ့သည်။

ဖမ်းဆီးခံရသူများမှာ တက်တနက်မြို့မှ Momtaz Ahmed (၅၀) နှစ်၊ ဘိုလာမှ Arafat(၃၀)နှစ်၊  ဘဂုနမှ Ibrahim (၂၆)နှစ်နှင့်အိုကီးမြို့နယ် ကူတူပါလောင် ဒုက္ခသည် စခန်းမှ Md. Shukkur (၅၀)နှစ်နှင့် Md. Johar (၃၆)နှစ်တို့သည်ဖြစ်ကြသည်။

သိမ်းဆည်းရမိသော ဘိလပ်မြေအိတ်များနှင့်အတူမှောင်ခိုသမားများနှင့် မှောင်ခိုလုပ်ငန်းသုံး စက်လှေများနှင့် ပတ်သက်၍ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိပါသည်။

ကမ်းခြေစောင့်တပ်ဖွဲ့သည် မှောင်ခိုကူးသန်းမှုကို တားဆီးရန်အတွက် အနာဂတ်တွင် ယခုကဲ့သို့ လုပ်ဆောင်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

#မြန်မာ# ဘင်္ဂလားဒေ့ရှ်# နယ်စပ်ရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.