Preview

ကျောက်ဖြူတိုက်ပွဲ အမှတ်( ၃၂)ရဲတပ်ရင်းအနီးထိရောက်ရှိလာ

သဉ္ဇာနွယ် | မေ ၂၆/ ၂၀၂၅ | ကြည့်ရှုသူ :8501
ရခိုင် သတင်း

နိရဉ္စရာ၊ မေ ၂၆/၂၀၂၅

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်းအာရက္ခတပ်တော် (AA)နှင့် စစ်ကောင်စီအကြား ဖြစ်ပွားနေသည့်တိုက်ပွဲမှာ ကျောက်ဖြူမြို့မှ (၆) မိုင်လောက်သာ ကွာဝေးတော့သည့် အမှတ် (၃၂)တိုက်ခိုက်ရေးရဲတပ်ရင်း အနီးသို့ ရောက်ရှိ လာနေပြီဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

" စက်မှုလက်မှုသင်တန်းကျောင်းဖက်ကိုစစ်တပ်က စစ်ကြောင်းထိုးတဲ့နေ့ကတည်းတိုက်ပွဲပြင်းနေတာ။ အဲ့ဒီနေ့ကလည်းစစ်တပ်က နောက်ဆုတ်ထွက်ပြေးကြတယ်လေ။အခု တိုက်ပွဲက ရဲတပ်ရင်းနားထိ ရောက်လာပြီး အဲဒီမှာ ဖြစ်နေကြတာ”ဟု ၎င်း သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်သည်မေလ၂၃ရက်နေ့ညနေပိုင်းတွင်AA သိမ်းပိုက်ထားသည့် စက်မှုလက်မှုကျောင်းကိုပြန်လည်ထိုးစစ်ဆင်လာစဉ်  AA ကကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့်အကျအဆုံးများဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့ပြီးနောက် တိုက်ပွဲမှာ ယခုရက်ပိုင်းအတွင်း အမှတ်(၃၂)ရဲတပ်ရင်းအနီးဝန်းကျင်ကို ရောက်ရှိလာခြင်းဖြစ်သည်။

“ ရဲတပ်ရင်းက ဂုံးချွိန်တိုက်နယ်မှာရှိတာ။ အခု ပြိုင်းစေ့ကေ့နှင့်နှမ်းဖဲတောင်ကွင်းမှာလည်း အေအေနဲ့စစ်ကောင်စီတို့ ယခုရက်ပိုင်းအတွင်းမှာတိုက်ပွဲပြင်းထန်နေတယ်။ ရဲတပ်ရင်းနဲ့နီးလာပြီဆိုတော့ AAရဲ့ထိုးစစ်ရဲတပ်ရင်းကို ရောက်တော့မယ်လို့ ခန့်မှန်းလို့ရပါတယ်။ဒါကြောင့်မြို့ထဲဘက်ကို AA ဝင်မလာရအောင် ထွက်ပြီးတိုက်နေတာ။ တိုက်ပွဲကရှေ့တိုးလိုက်၊နောက်ဆုတ်လိုက်ဖြစ်နေတဲ့အနေအထား" ဟုပြောသည်။
အာရက္ခတပ်တော်(AA)၏ထိုးစစ်မှာ ပြီးခဲ့သည့် မတ်လနောက်ဆုံးအပတ်ကကျောက်ဖြူမြို့နယ်ရှိ အမှတ်(၃၂)ရဲတပ်ရင်းနှင့် မိုင်ဝက်ခန့်အကွာသို့ရောက်ရှိခဲ့သော်လည်းအပစ်ရပ်စဲရေး သတ်မှတ်ချက်ကြောင့် ရှေ့မတိုးဘဲ ရပ်နာထားခဲ့သည်ဟု သိရသည်။

သို့သော်လည်းစစ်ကောင်စီတပ်က ထပ်မံ ထိုးစစ်ဆင်တိုက်ခိုက်လာသဖြင့် AA က ပြန်လည် တိုက်ခိုက်ရာကနေ လက်ရှိတွင် အမှတ်(၃၂)ရဲတပ်ရင်းနှင့် အနီးဆုံးအနေအထားသို့ရောက်ရှိနေခြင်းဖြစ်သည်။

လက်ရှိ ကျောက်ဖြူတွင်  မလကျွန်းအနီးအနားတဝိုက်နှင့် ရဲတပ်ရင်းအနီးတဝိုက်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု နေ့စဉ်လိုလိုဖြစ်ပွားလျက်ရှိနေသလိုစစ်ကောင်စီက လေယာဉ်များ၊ ဒရုန်းများနှင့် စက်တပ် လေထီးများဖြင့် နေ့စဉ်တိုက်ခိုက်လျက်ရှိနေသည်ဟု သိရသည်။

ပြီးခဲ့သည့် မေလ ၂၂ရက်နေ့ကလည်း မင်းတက်တောင်ဧရိယာဝန်းကျင်ကိုဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (ဓာတ်ပုံ- ပုံဟောင်းသာ)

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.