Preview

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေ

မောင်စာဂ | မေ ၂၇/ ၂၀၂၅ | ကြည့်ရှုသူ :1152
ရခိုင် သတင်း

မောင်စာဂ၊ နိရဉ္စရာ၊ မေ ၂၇/၂ဝ၂၅

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

ယနေ့ မေလ ၂၇ ရက်၊ နေ့လယ် ၁ နာရီခွဲအချိန်တိုင်းထွာချက်များအရ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်)တွင် ဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု မိုး/ဇလက ယနေ့ နေ့လယ် ၂ နာရီအချိန်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါသည်”ဟုလည်း ဖော်ပြထားသည်။

အဆိုပါလေဖိအားနည်းရပ်ဝန်းသည် မေလ ၂၉ ရက်တွင် အားကောင်းသည့်လေဖိအားနည်းရပ်ဝန်းဖြစ်လာမည်ဖြစ်သော်လည်း ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရောက်လာနိုင်ခြေရှိ/မရှိကိုစောင့်ကြည့်ရဦးမည်ဟု မိုး/ဇလပညာရှင် ဦးဝင်းနိုင်က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ ညနေ၌ ဖော်ပြထားသည်။

“ဒီအခြေအနေကြောင့် ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ မိုးသက်လေပြင်းများကျရောက်နိုင်ပြီး လေတိုက်နှုန်း တနာရီ ၄၅ မိုင်ခန့်နဲ့ လှိုင်းအမြင့် ၉ ပေမှ ၁၀ ပေ အထက်အထိ ရှိနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်များမှာ တွေ့ရပါတယ်”ဟုလည်း ဖော်ပြထားသည်။

အဆိုပါလေဖိအားနည်းရပ်ဝန်း၏ သက်ရောက်မှုကြောင့် မေလ ၂၇ ရက်မှ မေလ ၃၁ ရက်အထိနှင့် ဇွန်လဆန်း ၂ ရက်အထိ နိုင်ငံအနှံ့ မိုးများနေမည်ဟုလည်း ဦးဝင်းနိုင်က ဆိုသည်။

လက်ရှိမိုးဦးကာလတွင် ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟုလည်း မိုး/ဇလ၏ ဧပြီလ ၂၈ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ - မိုး/ဇလ
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#မိုးလဝေသ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.