နောင်မင်းသူ၊ နိရဉ္စရာ၊ ဇွန် ၂ / ၂၀၂၅
ရခိုင်ပြည် နယ်စပ်ဒေသ မောင်တောခရိုင်၌ စားသုံးဆီနှင့် လောင်စာဆီများ ဈေးမြင့်တက်လာနေကြောင်းသိရသည်။
ထိုသို့ စားသုံးဆီဈေးမြင့်တက်လာရခြင်းမှာ တစ်ဖက်နိုင်ငံ၌ စားသုံးဆီအပါအဝင် စက်သုံးဆီဈေးများမြင့်တက်လာနေသလိုမိုးရာသီ၌ လမ်းပန်းဆက်သွယ်ရေးခက်ခဲမူများကြောင့် သယ်ယူစရိတ်များကြီးမားလာ၍ ဖြစ်ကြောင်း ရခိုင် ကုန်သည်ကြီးတစ်ဦးကဆိုသည်။
ဘင်္ဂလာဖက်မှ တင်သွင်းသည့် စားသုံးဆီ ၅ လီတာဗူးကြီး တစ်ဗူးလျှင် ယခင်က မြန်မာငွေကျပ် ၄၀၀၀၀ မှ ယခုလက်ရှိ၌ မြန်မာငွေကျပ်၆၃၀၀၀ အထိဈေးမြင့်တက်လျှက်ရှိနေကြောင်း ဒေသခံများထံမှသိရသည်။
"စားသုံးဆီကအဝင်နည်းတော ဈေးမြင့်တက်သွားတာပါ။ ဧပြီလကုန်ပိုင်းအထိ ၅ လီတာဆီဗူးတစ်ဗူးမြန်မာငွေ ၄၀၀၀၀ ကျပ်ဘဲ့ရှိတာ အခုမေလကုန်ခါနီးမှာ ၆၃၀၀၀ကျပ်အထိမြင့်သွားတယ်"ဟု ဒေသခံကုန်သည်တစ်ဦးကပြောကြားသည်။
ရခိုင်သို့စားသုံးဆီတင်သွင်မူမှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံဖက်မှအဓိကတင်သွင်မူပြုနေရပြီး Family အမှတ်တံဆိပ်ပါ ၅လီတာဆီဗူးများအဓိကတင်သွင်းလျှက်ရှိနေကြောင်းလည်းဒေသခံကုန်သည်များထံမှသိရသည်။
ထို့အတူ မောင်တောနယ်စပ်၌ လောင်စာဆီဈေးနှန်းများလည့် မြင့်တက်လာနေကြောင်းသိရသည်။
" စက်သုံး လောင်စာဆီကတော ဘင်္ဂလာကထက်အန္ဒိယ ဆီကိုအများဆုံးအသုံးပြုနေကြတာတွေ့ရတယ်။ဘာဖြစ်လို့လဲ့ဆိုတော စက်အင်ဂျင်ပိုင်း မှာ ဘင်္ဂလာဆီသုံးယင်အဆင်မပြေကြဘူးလို့ သိရတယ်။ ပေါက်ကွဲအားညံ့တယ်လို့ စက်ဆရာတွေကပြောတယ်။ကာဘိုင်တာတွေပျက်စီးလာတယ်။ အဲဒါကြောင်း အိန္ဒယ ကတင်သွင်း တဲ့ လောင်စာဆီကိုဘဲ့ ကား၊သုံးဘီး နဲ့ ဆိုင်ကယ်တွေမှာ အများဆုံးအသုံးနေကြရတယ်"ဟုဒေသခံစက်ပြင်ဆရာတစ်ဦးကနိရဉ္စရာကို ပြောဆိုသည်။
ယခင်ကအိန္ဒိယဓာတ်ဆီ ၁ ပေပါ ၁၉ သိန်း ၂ သောင်းကျပ် ၊ ရေနံဆီ အဖြူ ၁ ပေပါ ၁၆သိန်းကျပ်ခန့်အထိ ရှိခဲ့ရာ လက်ရှိ၌ အိန္ဒိယဓာတ်ဆီ ၁ ပေပါ ၂၂ သိန်းကျပ် ၊အိန္ဒိယရေနံဆီ အဖြူ ၁ ပေပါကို ၁၈ သိန်းခွဲကျပ် အထိမြင့်တက်နေကြောင်းသိရသည်။
ဓါတ်ပုံ-Family အမှတ်တံဆိပ်ပါ ၅ လီတာဆီဗူးများအားတွေ့ရစဉ်